Art of Love

ဒါလေးကတော့ တူရကီ Romance/Drama ကားလေးပါ။

ပန်းချီပြခန်းက ပန်းချီကားတွေအခိုးခံရတာနဲ့ပတ်သက်ပြီး အင်တာပိုရဲ့ အနုပညာပစ္စည်းဆိုင်ရာမှုခင်ဌာနက အာလင်း နဲ့တွဲဘက်ရဲ အိုဇန်တိုကိုတာ၀န်ပေးလာပါတယ်။ အခိုးခံတဲ့ပန်းချီတွေဟာ လူသိပ်မသိတဲ့ တန်ဖိုးနည်းပန်းချီကားတွေသာဖြစ်နေတာကြောင့် အာလင်းတိုနှစ်ယောက် အချက်အလက်တွေကို ခန့်မှန်းတွက်ချက်ပြီး နောက်တကြိမ်ခိုးမယ့်နေရာမှာသွားစောင့်နေခဲ့ပါတယ်။

အဲဒီမှာ အာလင်းမြင်လိုက်ရတဲ့သူခိုးက သူမရဲ့ချစ်သူဟောင်း ဘီလျံနာ ဂူနေ ဖြစ်နေပါတယ်။ ဒီအကြောင်းဌာနကိုပြောပြတဲ့အခါ သူသာလိုချင်ရင်ဒီထက်ဆယ်ဆမကတန်တဲ့ ပန်းချီကားတွေတောင် ၀ယ်နိုင်တဲ့သူဌေးကြီးတစ်ယောက်က ဘာလိုဒီလိုလုပ်ရမလဲဆိုပြီး ဌာနမှုးက လက်မခံခဲ့ပါဘူး။

အာလင်းကလည်း သူမြင်လိုက်ရတာကို အခိုင်အမာယုံကြည်နေတာကြောင့် တချိန်ကသူမကိုအကြောင်းမဲ့သက်သက်ထားပြီးပျောက်ကွယ်သွားတဲ့ရည်းစားဟောင်းဆီကို သက်သေရဖို လက်ပူးလက်ကြပ်ဖမ်းဖိုရည်ရွယ်ချက်နဲ့ ပြန်ပြီးချဥ်းကပ်ဖိုကြိုးစားပါတော့တယ်......။

ဒါလေးကတော့ IMDB 4.5 ရထားတဲ့ အချစ်ကားလေးဖြစ်ပြီး အပျင်းပြေကြည့်မယ်ဆို အဆင်ပြေလောက်မယ့်ကားလေးဖြစ်မှာပါ။ ရှုစားကြပါဦး။

You May Also Like