The Wages of Fear

စစ်တပ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်တွင်းဆူပူမှုတွေဖြစ်လာပြီး စစ်တပ်နဲ့ သူပုန်တွေကြောင့် သွားလာရေးအဆင်မပြေတဲ့အခြေအနေမှာ ကန္တာရထဲက ဒုက္ခသည်စခန်းမှာခိုလှုနေတဲ့ ဖရက်တ်ကို ရေနံလုပ်ငန်းစုက ငွေကြေးနဲ့ အခွင့်အရေးတွေ ကမ်းလှမ်းလာခဲ့ပါတယ်။

အကြောင်းကတော့ ဒုက္ခသည်စခန်းအောက်မှာ ရေနံကြောအသစ်တွေ့ထားပြီး ရေနံကြောအဟောင်းကို တူးဖော်နေတဲ့ရေနံတွင်းဟာ မီးလောင်ပြီး မြေအောက်ထဲက ရေနံကြောကိုထိမဲ့အခြေအနေရှိတာကြောင့် ကုမ္ပဏီအနေနဲ့ ရေနံတွင်းဟောင်းကို ဖောက်ခွဲပစ်ဖို ဖောက်ခွဲရေးဓာတုပစ္စည်းတွေသယ်တဲ့ထရပ်ကားကို ဖရက်တ်ကို မောင်းဖို ကမ်းလှမ်းလာပါတယ်။

ထောင်ကျနေတဲ့ညီဖြစ်သူနဲ့ ဒုက္ခသည်စခန်းကလူတွေကို ကယ်တင်ဖို ဖရက်တ်တစ်ယောက် သူပုန်တွေ စစ်တပ်တွေရဲ့ အန္တရာယ်ပြည့်နေတဲ့ ကန္တာရလမ်းပေါ်မှာ ဖောက်ခွဲရေးဓာတုပစ္စည်းတွေကို ဘယ်လိုသယ်ဆောင်လာမလဲ
သူနဲ့ အတူလိုက်ပါလာတဲ့သူတွေထဲမှာရော ဘယ်သူတွေပါလာမလဲ
ရေနံတွင်းဟောင်းကို အချိန် ၂၄ နာရီအတွင်းမှာ အချိန်မီ ဖောက်ခွဲသွားနိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှူသွားရမှာပါ။

You May Also Like