ဒီဇာတ်ကားလေးဟာဆိုရင်တော့ တိလေးတွေနဲ့ လူရဲ့ကြားကသံယောဇဉ်ကိုတွေ့မြင်ရမှာဖြစ်ပါတယ် My penguin friend ဆိုတဲ့ကားလေးက ပင်ဂွင်းလေးအပေါ် သံယောဇဉ်တွယ်မိခဲ့တဲ့ အဖိုးအိုတစ်ယောက်ရဲ့အကြောင်းပါ ဂျိုအာဆိုတဲ့တံငါသည်လူကြီးမှာ မီဂေးလ် ဆိုတဲ့သားလေးတစ်ယောက်ရှိပါတယ် မီဂေးလ်က တစ်နေ့မှာတော့ သူ့အဖေနဲ့ ငါးဖမ်းလိုက်ချင်တယ်လို့ပြောလာပါတယ် အဖေဖြစ်သူက ကတိအတိုင်းခေါ်သွားပေးတဲ့အခါ မုန်တိုင်းမိလို့ သားလေးကိုဆုံးရှုံးလိုက်ရပါတယ် ဂျိုအာတစ်ယောက် သားလေးဆုံးရှုံးပြီး နှစ်တော်တော်ကြာကြာ ဝမ်းနည်းပူဆွေနေပါတယ် တစ်နေ့မှာ သူ့ဘဝထဲကို ဒင်ဒင်းဆိုတဲ့ ပင်ဂွင်လေးရောက်လာတဲ့အခါ သူကဘယ်လိုတွေသံယောဇဉ်တွယ်မလဲ ဒင်ဒင်းလေးကရော ဂျိုအာအပေါ်မှာဘယ်လိုမေတ္တာထားရှိမလဲ အန်ဒီယာနာဆိုတဲ့ အဏ္ဏဝာဇီဝဗေဒပညာရှင်ပေါ်လာပြီး ဒင်ဒင်းနဲ့ ဂျိုအာတို့ရဲ့ချစ်ခြင်းကိုခွဲနိုင်ပါ့မလား ဒင်ဒင်းနဲ့ဂျိုအာ ပြန်ဆုံပါ့မလား စသည်ဖြင့် တိလေးနဲ့ လူကြားကသံယောဇဉ်ကို ပေါ်လွင်စေတဲ့ကားလေးပဲဖြစ်ပါတယ်