Latency

ဒီဇာတ်ကားလေးရဲ့နာမည်ကတော့ Latency ပဲဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာအိမ်ထဲကအိမ်ပြင်မထွက်တဲ့ Gamer ကတော့ဟန်နာဖြစ်ပြီး သူအဲ့လိုဖြစ်နေရတယ်ဆိုတာလည်းအကြောင်းအရင်းရှိပါတယ်။အဲ့ဒီအကြောင်းအရင်းကတော့ သူ့မှာဟင်းလင်းပြင်ကြောက်တတ်တဲ့ ရောဂါရှိလိုဖြစ်ပြီး သူနေတဲ့တိုက်ခန်းထဲကနေအပြင်ကို လုံး၀ခြေတစ်လှမ်းဆို တစ်လှမ်းတောင်မထွက်ရဲတာဖြစ်ပါတယ်။အဲ့လိုအိမ်ထဲမှာပဲ နေရတဲ့အတွက်ဂိမ်းတွေက သူ့အတွက်အဖော်ဖြစ်လာပြီး အခုအချိန်မှာဆိုရင်ဂိမ်းနဲ့ ပတ်သတ်တဲ့ပစ္စည်းတွေကို စမ်းသုံးပေးရတာတွေအစမ်းဆော့ကြည့်ပေးရတာတွေလုပ်နေရပါပြီ။အဲ့လိုအပြင်မထွက်ပဲနဲ့ သူဘယ်လိုအသက်ရှင်နေထိုင်လဲလို မေးရင်တော့အပေါ်ထပ်မှာနေတဲ့ သူ့သူငယ်ချင်းဂျန်ကိုအားကိုးပြီးနေနေရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့တစ်နေ့မှာတော့သူ့ဆီကို Omnia လိုခေါ်တဲ့ထုတ်ကုန်အသစ်တစ်ခုရောက်လာပြီး ပွဲမထုတ်ခင်သူ့ကိုစမ်းသပ်ခိုင်းခဲ့ပါတော့တယ်။အဲ့ဒီ Omnia လိုခေါ်တဲ့ပစ္စည်းကအာရုံကြောနဲ့ဆက်သွယ်ပြီးလျှပ်စစ်ပစ္စည်းတွေ ဂိမ်းတွေ ပရိုဂရမ်တွေကိုစိတ်နဲ့စေခိုင်းလိုရစေတဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ဟန်နာကလည်းအဲ့ဒီပစ္စည်းကိုအရမ်းကြိုက်သွားပြီးနောက်ပိုင်းအလွန်အကျွံတွေအသုံးပြုလာမိတဲ့အခါမှာတော့ဘယ်လိုဘေးထွက်ဆိုးကျိုးတွေကိုခံစားရပြီး ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

You May Also Like