Despicable Me Presents: Minion Madness

နှစ်ပေါင်းများစွာ မကောင်းမှုတွေကို ကျူးလွန်လာခဲ့တဲ့ လူဆိုးကြီး ဂရူး တစ်ယောက် သူကျူးလွန်မယ့် ရာဇဝတ်မှုအတွက် အသုံးချဖို မိဘမဲ့ဂေဟာက ကောင်မလေးသုံးယောက်ကို မွေးစားလိုက်ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ဘဝကြီးက တဆစ်ချိုး ပြောင်းလဲသွားပါတော့တယ်။ ကလေးမလေးသုံးယောက်က လူကြမ်းကြီး ဂရူးရဲ့ နှလုံးသားကို အရည်ပျော်အောင် ဘယ်လိုတွေလုပ်လိုက်ကြတာလဲ? ဒါတင်မက  မိဘမေတ္တာငတ်မွတ်‌နေကြတဲ့ ကောင်မလေးတွေရဲ့ လူဆိုးကြီး ဂရူးအ‌ပေါ် တွယ်တာမှုတွေ၊ ဘယ်လောက်ပဲ ကြမ်းတမ်းတဲ့ လူဆိုးကြီးဖြစ်ပါစေ အတွင်းစိတ်ထဲမှာတော့ နူးညံ့တဲ့ နှလုံးသားရှိတတ်တယ်ဆိုတာတွေကို ဟာသလေးနဲ့တင်ပြထားတာမို ကာတွန်းကားဆိုတာထက်ကို ပိုတဲ့ရသတွေကိုလည်း ခံစားကြရမှာပါ။ 


Rating တွေကလည်း ကောင်းကောင်းရထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အတွက် မကြည့်ဖြစ်သေးတဲ့သူ‌တွေရော ကြည့်ပြီးသားလူတွေအတွက်ပါ သေချာပေါက် ကြည့်သင့်တဲ့ကားပါလို ညွှန်းလိုက်ချင်ပါတယ်

You May Also Like