ဒီကားလေးကတော့ ဆရာ၀န်တစ်ယောက် ခွဲစိတ်မှုအပြီး ရင်ဆိုင်ရတဲ့ပြသနာတွေကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးပါ။ ခွဲစိတ်ဆရာ၀န်ကြီးလစ်ဇ်ဦးဆောင်တဲ့အဖွဲ့က ခွဲစိတ်မှုအစပိုင်းမှာ ချောချောမွေ့မွေ့ဖြစ်ခဲ့ပေမယ့် အမှားယွင်းတစ်ခုကြောင့် လူနာအခြေအနေပိုဆိုးလာခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့အခြေအနေကိုထိန်းထားနိုင်ခဲ့ပြီး အဲ့နောက်မှာတော့ လစ်ဇ်ကကျန်တဲ့အပိုင်းကို သူ့လက်ထောက်ဆရာ၀န်ကို တာ၀န်ယူပြီးခွဲစိတ်ခိုင်းစေခဲ့ပါတယ်။ခွဲစိတ်မှုအပြီး အဲ့ညမှာပဲ လူနာကရုတ်တရက်ရောဂါပိုး၀င်ပြီး သေဆုံးသွားခဲ့ပါတယ်။အဲဒါကိုမကျေနပ်တဲ့ လူနာရဲ့မိဘတွေက လစ်ဇ်ကိုအပြစ်တင်စွဲဆိုခဲ့ကြတဲ့အပြင် ဆေးရုံအုပ်ကြီးနဲ့အခြားဆေးရုံ၀န်ထမ်းတွေကအစ သူ့ကိုငြိုငြင်ခဲ့လာကြပါတယ်။နောက်ဆုံး လစ်ဇ်အနေနဲ့ တရားဥပဒေနဲ့ရင်ဆိုင်ပြီး အလုပ်ထွက်ဖို့အထိဖြစ်ခဲ့တယ်။ခွဲစိတ်မှုအတွင်းမှာ လစ်ဇ်ရဲ့ဆုံးဖြတ်ချက်တွေ မှန်ကန်ခဲ့တယ်ဆိုတာကို သူမဘယ်လိုသက်သေပြသွားမလဲဆိုတာ စိတ်၀င်တစားကြည့်ရှုနိုင်မယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။