The Cider House Rules

ဒုတိယကမ္ဘာစစ်တုန်းက စိန့်ကလောက်ဒ်လို အမည်ရတဲ့  မိဘမဲ့ဂေဟာတစ်ခုရှိတယ်။ ဒီမိဘမဲ့ဂေဟာကို ကြီးကြပ်ရတဲ့ သားဖွားမီးယပ် ဆရာဝန်တစ်ယောက်ရှိတယ်။ သူက ‌ဒေါက်တာလာ့ခ်ျ။ သူက ဘာလို သားဖွားမီးယပ်ဆရာဝန် ဖြစ်ရတာလဲဆိုတော့ ကိုယ်ဝန်ဖျက်ချလိုတဲ့ အမျိုးသမီးတွေက ဒီမိဘမဲ့ဂေဟာကို ရောက်လာပြီး မီးဖွားကြလိုပါ။ မီးဖွားပြီးတဲ့နောက်ပိုင်း ကလေးကို ဆက်မမွေးချင်တဲ့အခါမှာလည်း ဒီမိဘမဲ့ဂေဟာမှာပဲ သူတိုရဲ့ကလေးတွေကို ထားရစ်ခဲ့ကြပါတယ်။ 

ဒီလိုနည်းနဲ့ မိဘမဲ့ဘဝ ရောက်ရှိခဲ့ကြရတဲ့ ကလေးများစွာထဲမှာမှ ဒေါက်တာလာ့ချ်ရဲ့ စိတ်အာရုံထဲမှာ ရှိနေပြီး သူ့လက်ထဲမှာ ကြီးပြင်းလာတဲ့ မိဘမဲ့ ကလေးလေးတစ်ယောက် ရှိတယ်။ အဲဒီကလေးလေးက ဟော်မာဝဲလ်။ ဟော်မာကလည်း သားဖွားမီးယပ်ဆိုင်ရာ ဆေးပညာရပ်ကို ငယ်စဉ်ကတည်းက ခုံမင် နှစ်သက်တဲ့ ကလေးတစ်ယောက်ပါ။

ဒီလိုနဲ့ ဟော်မာ အရွယ်ရောက်လာတဲ့အခါ သူ့ဘဝရဲ့လွတ်လပ်မှုကို တောင့်တလာခဲ့တယ်။ မိဘမဲ့ဂေဟာကနေ ထွက်လိုရတဲ့ လမ်းစလေးကလည်း သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာခဲ့တယ်။ ဒီလိုနဲ့ မိဘမဲ့ဂေဟာမှာ သူ့ကို သံယောဇဉ်တွယ် ချစ်မြတ်နိုးကြတဲ့ ဒေါက်တာလာ့ခ်ျနဲ့ သူနာပြု စစ္စတာနှစ်ယောက် ပြီးတော့ တခြားကလေးတွေဖြစ်တဲ့  ဘက်စတာ၊ ကာလီ၊ ဖာဇီတိုကို ထားရစ်ခဲ့ရမယ့်အချိန်ကို ရောက်ရှိလာခဲ့တယ်။

သူ့ကို မိဘမဲ့ကလေးတစ်ယောက်ဆိုတာထက် သားအရင်းအချာ တစ်ယောက်လို ‌ချစ်ခင်တဲ့ ဒေါက်တာလာ့ခ်ျရဲ့ စိတ်ထိခိုက်မှုတွေကို သူ ကျောခိုင်းခဲ့။ သူ့ကို ချစ်မြတ်နိုးတဲ့ အဆုတ်ရောဂါသည် ကလေးလေး ဖာဇီရဲ့သေဆုံးမှုကိုလည်း သူမသိခဲ့။ သူနဲ့သာ အမြဲလိုလို တတွဲတွဲ ရှိခဲ့တဲ့ ကောင်လေးဘက်စတာရဲ့ ကြေကွဲမှုကိုလည်း သူ မမြင်ခဲ့။

သူ့ရဲ့အားပေးမှုတွေနဲ့ ခွန်အားယူ နေပျော်ခဲ့ရတဲ့ ကလေးလေး ကာလီရဲ့ ဝမ်းနည်းမှုကိုလည်း သူ လျစ်လျူရှုခဲ့။ မိဘမဲ့ဂေဟာမှာ အတူပျော်မွေ့ အတူ ဖြတ်သန်းခဲ့ကြရင်း အရိပ်ထင် ခိုင်မာခဲ့တဲ့ ပျော်ရွှင်စရာ မမ်မိုရီ‌တွေကိုလည်း သူ ပြည်ဖုံးကားချ ထွက်သွားခဲ့ပြီးတဲ့နောက်....

မိဘမဲ့ဂေဟာမှာ ဘဝစတင်ခဲ့တဲ့ ဟော်မာတစ်ယောက် ခြေကိုဆန့် နယ်ကိုချဲ့ရင်းက ပန်းသီးရှလကာပြုလုပ်တဲ့ ပန်းသီးစိုက်ခင်းထဲကို ပန်းသီးခူးသမားအဖြစ် ပြောင်းလဲ အခြေချ အသားကျလာခဲ့တယ်။ 

ဒေါက်တာလာ့ခ်ျက အကြိမ်ကြိမ်အခါခါ စာတွေပိုကာ သူရှိနေရမယ့်အရပ်ကို မျက်နှာမူကာ ပြန်လာခဲ့ဖို ပြောပြပေမယ့်လည်း မွေးရပ်မြေကို မပြန်နိုင်စေမယ့် ကြိုးတစ်ချောင်းက သူ့စိတ် သူ့နှလုံးသားကို ဘယ်လို  ကြိုးချင်းထား ကြိုးချင်းငြိဆိုသလို ရစ်ပတ်ထားခဲ့လေသလဲ။ 

အဲဒီ သူရွေးချယ်ခဲ့တဲ့ တပ်မက်မှုကြိုးတွေကပဲ သူ့ကို ဘယ်လို အဆုံးအဖြတ်မျိုး ပေးလာလိမ့်မလဲ။ အဲဒီကနေတစ်ဆင့် ဘယ်လို နှလုံးသား စိတ်ဝိညာဉ် ဘယ်လို ကြေကွဲမှုတွေနဲ့ ဘယ်အရပ်ကို သူထပ်ကာ ခရီးဆန့်သွားလေဦးမလဲဆိုတာကို...

ဒီဇာတ်ကားထဲက Main character ဖြစ်ပြီး နောက်ပိုင်း စပိုက်ဒါမန်းမင်းသားဖြစ်လာတဲ့ Tobey Maguire ရဲ့ ငယ်ရွယ်စဉ်ဘဝ သရုပ်ဆောင်မှုတွေနဲ့အတူ ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 

You May Also Like