The Family Plan

          'ဒန်'ဆိုတဲ့လူဟာဇနီးဖြစ်သူနဲ့ကောင်းမွန်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားပြီး ကလေးသုံးယောက်လဲရှိပါတယ်။တစ်နေ့မှာ ဒန့်ဆီကိုမသင်္ကာစရာလူတစ်ချိုရောက်လာခဲ့ကာ ဒန်ကချက်ချင်းရိပ်မိသွားခဲ့ပြီး အိမ်ကမိသားစုနဲ့အတူထွက်ပြေးရန်ကြိုးစားခဲ့ပါတော့တယ်။ အစတည်းကသိနေတဲ့အနေအထားနဲ့ ဒန်ကအမှန်တကယ်တော့အရင်က လုပ်ကြံသတ်ဖြတ်ပေးသူအဖြစ် အလုပ်လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ အလုပ်ထွက်ပြီးနောက်အခုလိုနာမည်ပြောင်းနေရာက အရင်အလုပ်ကရန်သူတွေကြောင့် တဖြေးဖြေးအန္တရာယ်များလာတဲ့အခြေအနေရောက်လာတဲ့အခါ အကြပ်ရိုက်စရာတွေဖြစ်လာခဲ့ပါတယ်။ စပိုင်တစ်ဖြစ်လဲလျှိဝှက်ဇာတ်လမ်းဇာတ်ကွက်တွေအပြင် ထင်မှတ်မထားတဲ့လှည့်ကွက်တွေနဲ့ မိသားစုလေးတစ်စုကြား ဘယ်လိုတွေဖြစ်လာမလဲ။ဒန့်သရုပ်မှန်ကိုရော မိသားစုတွေသတိထားမိသွားကြမလား။ ဒါမှမဟုတ်ဒီအတိုင်းပဲဆက်ဖုံးကွယ်ထားနိုင်မလားဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

ဤဇာတ်ကားကိုအညွှန်းရေးပေးပြီးဘာသာ ပြန်ပေးသူမှာ Chann ဖြစ်ပါတယ်။

You May Also Like