Drawing Closer

အသက်ရှင်ဖို့တစ်နှစ်ပဲ ကျန်တော့တယ်ဆိုတာသိလိုက်ရတဲ့ အသက် ၁၇ နှစ်အရွယ်ကောင်လေးအာကီတိုအတွက် ဘဝက ရုတ်တရက်အဓိပ္ပါယ်မဲ့သွားပြီး သူအကြိုက်ဆုံးပန်းချီဆွဲတဲ့ ဝါသနာကိုတောင် စွန့်လွှတ်ခဲ့ပါတယ်။ အာကီတိုက ကျန်ရှိ တဲ့ အချိန်တွေမှာ မိသားစုနဲ့တခြားသူတွေအတွက်ဝန်ထုပ်ဝန်ပိုး မဖြစ်အောင်နေသွားပြီးပဲ ဘဝကိုအရှုံးပေးလိုက်တော့မယ် လို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ တစ်ရက်မှာတော့ ဆေးရုံမှာ ခြောက်လသာအသက်ရှင်ရ တော့မယ့် သက်တူရွယ်တူကောင်မလေးဟာရူနာနဲ့တွေ့ဆုံခဲ့ပါတယ်။ ဘဝမှာနေရမယ့်အချိန်သိပ်မကျန်တော့တဲ့ ဘဝတူတွေချင်း အတူတူဖြစ်နေတာကြောင့် အာကီတိုက ဟာရူနာမသေခင် ဟာရူနာဖြစ်ချင်တာအားလုံးလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အာကီတိုထင်မထားခဲ့တာက ဟာရူနာရဲ့နောက်ဆုံး ဆန္ဒတွေကိုလိုက်လံဖြည့်ဆည်းပေးခဲ့တာတွေက သူ့အတွက် ရှေ့ဆက်အသက်ဆက်ရှင်အောင်အတတ်နိုင်ဆုံးကြိုးစားကြည့်ချင် စိတ်ဖြစ်ပေါ်လာစေဖို့ ဘဝရဲ့အဓိပ္ပါယ်ကိုရှာဖွေတွေ့ရှိသွားစေခဲ့ တာပဲ ဖြစ်ပါတယ်။ဒီလိုဇာတ်ကွက်ကောင်းလေးတွေနဲ့ကြည့်ရှုရမဲ့ masterpiece လေးပဲဖြစ်လို့ကြည့်ဖြစ်အောင်ကြည့်ကြဖို့အတွက်တိုက်တွန်းလိုက်ရပါတယ်