The Boy and The Heron

ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်မှာ Studio Ghibli ကနေ ထွက်ရှိထားတဲ့ The Boy and the Heron(2023) ပဲဖြစ်ပါတယ် IMDb 7.6/10 နဲ့ Roten Tomatoes 97% ထိရရှိထားတဲ့ ဒီဇာတ်ကားလေးကတော့ Spirited Away နောက် Studio Ghibli ကနေ Oscar ဆု ရရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် နိုင်ငံတကာရုပ်ရှင် ဆုပေါင်း ၃၅ ဆုကို သိမ်းပိုက်ခဲ့ပြီး ရုံတင်ဝင်ငွေလည်း အတော်လေးရခဲ့တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် 

ဇာတ်လမ်းအကျဉ်းကတော့ မာဟိတိုဆိုတဲ့ ကောင်လေးဟာ တိုကျိုမှာနေထိုင်ရင်း အမေဖြစ်သူဆေးရုံမီးလောင်ပြီး သေဆုံးသွားရာမှ အဖေဖြစ်သူနဲ့ တိုကျိုရဲ့အဝေး နယ်မြေလေးကို ပြောင်းလာခဲ့ပါတယ် နယ်မြေလေးမှာ မာဟိတိုရဲ့ မိထွေးဖြစ်သူ နာဆုကိုဆိုသူလည်း ရှိပါတယ် တစ်နေ့ မီးခိုးရောင်ဗျိုင်းတစ်ကောင်ရောက်လာပြီး မာဟိတိုရဲ့ အမေ အသက်ရှင်နေသေးတယ်လို့ ပြောလာပါတယ် အဲ့ဗျိုင်းအနောက်ကို လိုက်သွားရာက ထူးဆန်းတဲ့ တာဝါကြီးတစ်ခုဆီ ရောက်သွားပါတော့တယ် ဒီထူးဆန်းတဲ့တာဝါကြီးနဲ့ မာဟိတိုတို့က ဘယ်လိုမျိုး ဆက်စပ်နေမလဲ Parallel Universe လို့ပဲ ပြောရမလား ကမ္ဘာတွေ ဆက်စပ်နေတဲ့နေရာလို့ပဲ ပြောရမလားမသိနိုင်တဲ့ နေရာတစ်ခုဆီ မာဟိတိုရောက်သွားတဲ့အခါမှာတော့……………..