Ghost Book: Obake Zukan

ဒီကားလေးထဲမှာတော့ ကောင်လေးသုံးယောက်က နတ်နန်းလေးတစ်ခုမှာ လိုချင်တဲ့ဆန္ဒကို ဆုတောင်းခဲ့ကြပါတယ်
အဲဒါကို ကြားသွားခဲ့တဲ့ နတ်မင်းက အဲကလေးတွေဆီကို သူ့တပည့်ကိုလွှတ်လိုက်ပြီး သရဲစာအုပ်ကို ရှာခိုင်းပါတော့တယ်
အဲ့ဒီစာအုပ်ထဲကစိန်ခေါ်မှုကို အောင်မြင်မှ ဆုတောင်းကို ဖြည့်ပေးမယ်ဆိုပြီး ပြောခဲ့လို့ အသက်အန္တရာယ်များတာကို မမှုပဲ ကောင်လေးသုံးယောက် ရဲရဲဝံ့ဝံ့ပဲ လက်ခံခဲ့ပါတယ်
အဲဒီအချိန်မှာ ကျောင်းကိုရောက်လာတဲ့ အစားထိုးဆရာမ ဟာရာမာယိုကိုဆိုတဲ့ ကောင်မလေးကလည်း
သူတို့ကလေးတွေကြားထဲ မတော်တဆဝင်ပါလာတဲ့အခါ……ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုရမှာပါ
ကောင်လေးသုံးယောက်ကရော သူတို့ဆုတောင်းတွေပြည့်ပါ့မလား
ဆရာမကရော လူကြီးအနေနဲ့ ကလေးတွေကြားမှာ အဆင်ပြေမလား
နတ်နန်းမှာဆုတောင်းတဲ့ ကောင်လေးသုံးယောက်ရဲ့ဆုတောင်းကရော ဘာများဖြစ်မလဲ
နောက်ဆုံးမှာ စိန်ခေါ်မှုတွေအောင်မြင်သွားလားဆိုတာကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားတဲ့ကားလေး တစ်ကားပဲ ဖြစ်ပါတယ်