The Parades

Minako ဆိုတဲ့ Single Mother တစ်ယောက် ဆူနာမီတိုက်သွားတဲ့ အပျက်အစီးတွေကြားထဲမှာ သားဖြစ်သူ Ryo ကိုအသည်းအသန်ရှာဖွေနေပါတယ် တခြားသူတွေကိုလည်း မေးမြန်းကြည့်ပေမယ့် သူ့ကို ဘယ်သူမှမမြင် သူပြောတာကိုလည်း မကြားဖြစ်နေတဲ့အချိန် Akira ဆိုတဲ့ကောင်လေးက ကားပေါ်ကနေ သူ့ကိုစကားပြောရာကစပြီး သူ့ကိုမြင်နိုင်တဲ့သူတွေရှိတာကို သိခဲ့ရပါတယ် Akira နဲ့အတူတူလိုက်သွားရာမှ သူတိုဒီလိုမျိုး နောင်ဘဝကိုမကူးဘဲ တည်ရှိနေတာက လူ့ဘဝတုန်းက မပြီးပြတ်သေးတဲ့ကိစ္စတွေ နောင်တတွေ ကျန်ရှိနေသေးလိုဆိုတာကို သိလိုက်ရတယ် ထူးခြားတဲ့ဓလေ့တစ်ခုကတော့ လပြည့်နေ့တိုင်း ဒီလိုလူတွေအားလုံးစုဝေးပြီး ကိုယ်တွေ့ချင်တဲ့သူတွေနဲ့ တမလွန်ဘဝမှာ တွေ့လိုတွေ့ငြားလိုက်ရှာကြတာပဲ ဖြစ်ပါတယ် Minako တစ်ယောက် Ryo နဲ့ တွေ့ခွင့်ရနိုင်ဦးမလား ပြီးတော့ ဒီလိုနောင်တတွေ အစွဲအလန်းတွေကျန်နေတဲ့သူတွေ ဘယ်လိုတွေ သူတိုရဲ့နောင်တတွေကို ရင်ဆိုင်ကြမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် သက်ရှိထင်ရှားရှိနေတဲ့အချိန်တွေမှာ မလုပ်လိုက်ရတဲ့ မပြောလိုက်ရတဲ့အရာတွေက ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းလဲ နောင်တရစရာကောင်းလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်လို လက်မလွှတ်တမ်း ခံစားပေးကြပါဦး