lets go karaoke (2024)

ဒီဇာတ်ကားလေးကတော့ Kyoji Narita က ထိပ်တန်း yakuza အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။သူက နှစ်တိုင်း ကာရာအိုကေ ပြိုင်ပွဲတွေကို ဦးစီးလုပ်ကိုင်နေတဲ့သူပါ။ မိုးရွာတဲ့တစ်နေ့ လမ်းပေါ်မှာ လမ်းလျှောက်ထွက်ရင်း သီချင်းဆိုသံကိုကြားရပြီး အသံကြားရာဆီသို့ လျှောက်သွားလိုက်ရာကနေ အငယ်တန်း အထက်တန်းကျောင်းသူ Satomi Oka နဲ့ တွေ့ဆုံပြီး ကာရာအိုကေပြိုင်ပွဲဝင်ဖို့ဖိတ်ခေါ်လိုက်ပြီး အသံစမ်းဖို့ ကာရာအိုကေ ဆိုင်ကိုသွားကြတယ်။ Kyoji Narita က သူရဲ့သီချင်းဆိုသံကိုကြည့်ပြီး စိတ်ပျက်သွားတာကြောင့် ဒီနှစ်အတွင်းလုပ်မဲ့ ကာရာအိုကေ ပြိုင်ပွဲမှာထည့်ပေးမဲ့အစီအစဥ်ကို ဖျက်လိုက်ဖို့စဥ်းစားတယ်။ ဒါပေမဲ့စကားကျွံထားမိတာက တစ်ကြောင်း ငယ်သူငယ်ချင်းဖြစ်နေတာက တစ်ကြောင်းဆိုတော့ သီချင်းဆိုမတတ်တဲ့သူငယ်ချင်းကို ဘယ်လိုတွေပြုပြင်ပေးပြီး ကာရာအိုကေပြိုင်ပွဲကို ဝင်ပြီး ပြိုင်ခိုင်းသွားမလဲဆိုတာ ဇာတ်ကားလေးထဲမှာကြည့်ရှုလိုက်ကြရအောင်ပါ