Godzilla Minus One

ဒါကတော့ Best Visual Effect Title နဲ့ အော်စကာရခဲ့တဲ့ Japan ဘာသာစကားပြော action/ Sci-fi ရုပ်ရှင်ကားကြီးပါ။ CGI အတွက် သုံးစွဲငွေ ၁၅ သန်းတောင်မပြည့်ခဲ့တဲ့ ဒီကားရဲ့ visual effect တွေဟာ Hollywood ရုပ်ရှင်လောကကို မျက်ခုံးပင့်သွားစေတာတော့ အမှန်ပါပဲ။

ဇာတ်လမ်းနာမည်က ထူးခြားစွာ Godzilla Minus One ဖြစ်နေခဲ့တာကိုက Godzilla ရဲ့ အခန်းကဏ္ဍကို သွယ်၀ိုက်ရည်ညွှန်းနေပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးအစစအရာရာ ချွတ်ခြုံကျနေတဲ့ ဂျပန်ပြည်အတွက် ဂေါ်ဇီလာထွက်ပေါ်လာခြင်းရဲ့ နောက်ဆက်တွဲတွေကို ရှုစားရမှာပါ။ဒီကားမှာတော့ Hollywood Version နဲ့မတူစွာ Japan version နဲ့ Villian ဖြစ်နေမယ့် ဂေါ်ဇီလာကို ထူးခြားစွာမြင်တွေ့ရမှာပါ။

IMDB 8.3 ရထားပါတယ်။ အော်စကာရခဲ့တဲ့ ပြောင်မြောက်တဲ့ လက်ရာသစ်နဲ့ Natural ဆန်တဲ့ ဂေါ်ဇီလာကားကြီးကို အားလုံး ရှုစားနိုင်အောင်တင်ဆက်ပေးလိုက်ရပါတယ်။