၁၈၆၀ ခုနှစ်မှာ ဂျပန်ပြည်တွင်း အဆုံးသတ်စစ်ပွဲဆင်နွှဲနေကြချိန် မြို့ထဲလမ်းမတွေမှာ တိုက်ပွဲတွေနေရာအနှံဖြစ်ပွားနေပြီး
အင်အားဘယ်လောက်များများသူ့ကိုဘယ်သူကမှမတားဆီးနိုင်ခဲ့ကြရုံမက ရှိုးဂန်းခေတ်နှောင်းရဲ့ ရဲတပ်ဖွဲ့ကြီးကတောင် လက်မြှောက်ထားရပါတယ်။
ဘတ်တိုဆိုင်းအနေနဲ့နှုတ်ယူခဲ့ရတဲ့အသက်တွေကြောင့် ဂျပန်ပြည်ကြီးကို ခေတ်သစ်တစ်ခုဆီခေါ်ဆောင်သွားချင်တဲ့
စိတ်သာရှိတဲ့လူငယ်လေးကို ခံစားချက်မဲ့လူသတ်စက်ကြီးလိုခေါ်ရလောက်အောင်ရင့်သီးသွားစေခဲ့ပါတယ်။
တစ်နေ့မှာတော့ သူ့လိုဘဝတူ ကျိုးပဲ့နေတဲ့ဘဝထဲက မိန်းမလှလေးတစ်ယောက်နဲ့ဆုံခဲ့ပြီး ကံကြမ္မာအလှည့်အပြောင်းတွေကြားကနေ ကြမ်းတမ်းခက်ထန်တဲ့
လူသတ်သမားအဖြစ်ကနေ နောက်ထပ် လူမသတ်တော့ဖို့ရာကျိန်ဆိုတဲ့အထိအောင်ဖြစ်သွားခဲ့ရပါတော့တယ်။
Rurouni Kenshin: The Beginning ကတော့ ခန်းရှင်းနဲ့ တိုမိုအဲတို့ရဲ့ အချစ်ဇတ်လမ်းလေးကနေ
အသွားပြောင်းပြန်ဓားသမား ခန်းရှင်းအဖြစ်ပြောင်းလဲသွားခဲ့ရတဲ့ သခင်မဲ့ဓားသမား ခန်းရှင်းရဲ့ မူလဖြစ်တည်ရာပါပဲ။
Rurouni Kenshin movies series က Anime ကနေ live action ပြန်အသက်သွင်းကြတဲ့ ဇာတ်လမ်းတွေထဲမှာ
အကောင်းဆုံးလို့သတ်မှတ်ထားကြတဲ့ ဇတ်လမ်းပဲဖြစ်တဲ့အတွက် ရုပ်ရှင်စီးရီးကြီးတစ်ခုလုံးရဲ့ အစဖြစ်သလို နောက်ဆုံးသောအဆုံးသတ်လဲဖြစ်နေပါတယ်။
Reviewe တွေအရတော့ The Beginning ဟာ Live action တွေထဲမှာ ထိပ်တန်းဖြစ်တယ်လို့ဆိုကြပါတယ်။
ခန်ရှင်းဆိုတာဘာမှန်းမသိရင်တောင် ဒီ The Beginning ကကြည့်ရတာတန်စေရပါမယ်။
Rurouni Kenshin ဆိုတဲ့အတိုင်း အလန်းစား Swordskill တွေကိုကြည့်မှာပါ။
ကြည့်လိုတန်တဲ့အပြင် နောက်ဆုံးအနေနဲ့ ခန်းရှင်း ရုပ်ရှင်ဇတ်လမ်းတွဲရဲ့ အစဦးကိုကြည့်ရှုပေးကြပါဦး။