A Very Good Girl (2023)

လွန်ခဲ့တဲ့ငါးနှစ်ခန့်က ရုံးဝန်ထမ်းလက်ထောက်မလေးအဖြစ်လုပ်ကိုင်ခဲ့တဲ့ မယ်စီဟာ တစ်နေ့မှာ သူမမလုပ်ခဲ့တဲ့အရာအတွက် မတရားသဖြင့်အလုပ်ထုတ်ခံခဲ့ရပါတယ်။ သူဌေးဖြစ်သူရဲ့နာမည်ပျက်စာရင်းအသွင်းခံရမှုကြောင့်ဘယ်ကုမ္ပဏီမှာမှအလုပ်ရှာလို့မရဖြစ်ခဲ့ပါတယ်။ဒါကိုအမေဖြစ်သူကကြားသိပြီးသူဌေးဆီကိုတောင်းပန်ဖို့အတွက်သွားရောက်တွေ့ဆုံတဲ့အချိန်မှာ မတော်တဆမှုတစ်ခုကြောင့် မယ်စီ့အမေဟာသေဆုံးသွားခဲ့ပါတယ်။ မယ်စီဟာလက်စားချေဖို့ရည်ရွယ်ချက်နဲ့ ဖီလိုဆိုတဲ့နာမည်နဲ့ပြန်လည်ပြီးချဉ်းကပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့လက်စားချေမဲ့အစီအစဉ်ဟာတဖြည်းဖြည်းအန္တာရာယ်များလာပြီး ကိုယ်မနှစ်မြို့ခဲ့တဲ့အရာတွေကို မတတ်သာစွာနဲ့ကိုယ်တိုင်လုပ်ရတဲ့အခါ ဖီလိုတစ်ယောက်သည်းခံပြီးဒီကလဲ့စားချေမဲ့အစီအစဉ်ကိုဆက်လုပ်နိုင်ပါ့မလား။ ဖီလိုတစ်ယောက်မကောင်းဆိုးရွားနွံကနေရုန်းထွက်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမှာပါ။

You May Also Like