ဒီဇာတ်ကားလေး က သရဲကားဆိုတာထက် တကယ်တော့ အဆိပ်အတောက်ဖြစ်စေတဲ့အိမ်ထောင်ရေးပုံစံကိုအဓိကမီးမောင်းထိုးရိုက်ကူးပြထားတာဖြစ်ပါတယ်။ ဒီလိုအိမ်ထောင်ရေးပုံစံထဲမှာပိတ်မိနေတဲ့ အမျိုးသမီးတွေရဲ့အကူအညီတောင်းဆိုသံတွေကိုကိုယ်စားပြုပြီး အိမ်ထောင်ဘက်ချင်းကျူးလွန်တဲ့မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှုနဲ့ဆက်တိုက်အယုံအကြည်ကင်းမဲ့မှုတွေက ဘာလဲဆိုတာပြသထားပါတယ်။ ရေတပ်မှာတာဝန်ထမ်းဆောင်နေရာကနေပြန်လာတဲ့ဖာရစ္စကိုအိမ်ရောက်ရောက်ချင်း မိန်းမဖြစ်တဲ့ရတ်နာက ကွာရှင်းဖို့ပြောလာခဲ့ပါတယ်။ ရုတ်တရက်အံ့အားသင့်သွားတဲ့ ဖာရစ္စတစ်ယောက် ရတ်နာက တခြားယောကျ်ားတစ်ယောက်နဲ့ ဖောက်ပြန်နေတာလို့တပ်အပ်စွပ်စွဲပြီး လိုက်စုံစမ်းခဲ့ပါတယ်။ဒါပေမဲ့ သူပိုသိလာရတာကတော့ မိန်းမဖောက်ပြန်တာထက်ပိုကြောက်စရာကောင်းတဲ့သဘာဝလွန်ကိစ္စတွေရှိနေတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်လိုက်ကြရအောင်ပါ