Pattaya Heat

ဒီတစ်ခါမှာတော့ rating 6.9 ရရှိထားတဲ့ ထိုင်း သဲထိတ်ရင်ဖိုအက်ရှင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်

အငြိမ်းစားယူတော့မယ့် တပ်မှူးကြီးချိုင်က ဆိုင်မွန်ဆိုတဲ့ဒုစရိုက်လောကကသူဌေးတစ်ယောက်ရဲ့ကာစီနိုမှာ လောင်းကစားအကြွေးတွေမဆပ်နိုင်လောက်အောင်တင်ပြီးခဲ့တဲ့နောက်မှာတော့ သူဌေးဆိုင်မွန်ဘက်က အကြွေးအစား ဘန်ကောက်ကရွှေတွေကိုပတ္တရားကိုသယ်ပိုပေးဖိုအတွက်အလုပ်တစ်ခုကိုကမ်းလှမ်းလာခဲ့ပါတယ်

တစ်ဖက်မှာလည်း သူဌေးဆိုင်မွန်နဲ့ရန်ကြွေးရှိနေကြတဲ့ ဂျီး ၊ ထော့ နဲ့ ဟော့တိုသုံးဦးက သူဌေးဆိုင်မွန်ရဲ့ရွှေတွေကိုလမ်းခုလတ်ကနေလုယူဖိုအတွက်ကြံစည်နေခဲ့ပါတယ်

မတတ်သာလိုအလုပ်ကိုလက်ခံလိုက်ရတဲ့ချိုင်နဲ့ ရွှေ‌တွေကိုလုယူဖိုကြိုးစားနေတဲ့ ဂျီး ၊ ထော့ နဲ့ ဟော့တိုတွေ့ဆုံပြီးတော့ဘယ်လိုမျိုးတွေကြုံတွေ့ကြမလဲ............ ချိုင်တစ်ယောက်ရော ရွှေတွေကိုအောင်မြင်စွာနဲ့ပိုပေးနိုင်မလား..........ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုနိုင်ပါပြီ

You May Also Like