Kuyang

အသစ်စက်စက် ရှယ်ကြမ်းအင်ဒိုခေါင်းပြတ်စုန်းကားလေးနဲ့ အားလုံးကိုမိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကလည်း Kuyang လိုခေါ်ပြီး မြန်မာလိုပြန်ရင် ခေါင်းပျံလိုအဓိပ္ပါယ်ရပါတယ်။ 

ဘင်နိုနဲ့ဆရီဟာ ဘဝသစ်တစ်ခုကိုစတင်ဖိုအတွက် အစိုးရကျောင်းဆရာအလုပ်ကိုလက်ခံပြီး ရွာငယ်လေးတစ်ရွာကိုရောက်ရှိလာကြပါတယ်။ အဲဒီရွာဟာ အရင်ကရေဘေးဒုက္ခကြောင့် ရွာလုံးကျွတ်နီးပါးသေကြေပျက်စီးခဲ့ဖူးပြီး ဖုန်းဆိုးမြေနီးနီးဖြစ်နေတဲ့ ရွာသေးသေးလေးပဲဖြစ်ပါတယ်။ 

သူတိုဘဝအတွက် သာယာတဲ့နေ့လေးတွေ ရောက်ရှိလာပြီလိုထင်ခဲ့ပေမဲ့ ဆရီမှာပါလာတဲ့ကိုယ်ဝန်ကြောင့် မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေ စတင်ဖြစ်ပွားလာခဲ့ပြီး ခေါင်းပြတ်စုန်းအန္တရာယ်နဲ့ ရင်ဆိုင်ကြရပါတော့တယ်။ 

ဒီခေါင်းပြတ်စုန်းရဲ့နောက်ကွယ်က ရည်ရွယ်ချက်ကဘာလဲ။ သူတိုအားလုံးရော လွတ်မြောက်နိုင်ပါ့မလားဆိုတာ ဇာတ်ကားထဲမှာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ IMDB rating 7.6 ရရှိထားတာကြောင့် horror ကားတစ်ကားအတွက်တော့ တော်တော်ကိုမြင့်တဲ့ စံနှုန်းသတ်မှတ်ချက်တစ်ခုလို ဆိုရပါမယ်။

You May Also Like