Pee Nak

ထိုင်းဟာသသရဲကားတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် ဇာတ်အိမ်လည်းခိုင်ပြီး ရယ်မောစရာ၊ သနားစရာ ရသမျိုးစုံခံစားရစေမဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ 

ဇာတ်လမ်းအကျဉ်းလေးကတော့ နွန်၊ ဖတ်နဲ့ ဘော်လွန်းဟာ တောရွာလေးတစ်ရွာကဘုန်းကြီးကျောင်းတစ်ကျောင်းကို ပဉ္ဇင်းခံဖိုရောက်ရှိလာကြပါတယ်။ နွန်ကတော့ သူကြုံနေရတဲ့စိတ်သောကတွေကနေ ခေတ္တလွတ်မြောက်ဖိုဖြစ်ပြီး ဖတ်နဲ့ဘော်လွန်းကတော့ ချဲပေါက်ရင်ပဥ္ဇင်းခံပါမယ်ဆိုတဲ့ ကတိကြောင့်ပဲဖြစ်ပါတယ်။

တောရွာတွေရဲ့အယူမှာ မင်္ဂလာယူရမဲ့ကိစ္စတွေနီးလာရင် အဖျက်ပေါ်တတ်တယ်လို ယုံကြည်ကြသလိုပဲ သူတိုသုံးယောက်ပဉ္ဇင်းခံခါနီးမှ သရဲတစ်ကောင်ကရုတ်တရက်ပေါ်ထွက်လာပြီး သူတိုတွေပဉ္ဇင်းမခံနိုင်အောင် အမျိုးမျိုးလိုက်လံနှောင့်ယှက်ပါတော့တယ်။ ဒီသရဲကား ဘာကြောင့်ဒီလိုတွေလိုက်နှောင့်ယှက်နေတာလဲ၊ သူဘာကိုလိုချင်တာလဲဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်းနဲ့မှ သဘောပေါက်လာမှာမို ဇာတ်ကားလေးကြည့်ရင်းပဲ အပန်းဖြေအဖြေရှာကြည့်လိုက်ကြပါဦးနော်။

You May Also Like