Pee Nak 2

ဘုရားစာမကြောက်တဲ့ ရှင်လောင်းသရဲကားဖြစ်တဲ့ Pee Nak 3 ရောက်ရှိလာပါပြီ။ ဒီသရဲက အရှေ့သရဲတွေထက် နည်းနည်းလေးလည်းပိုကြမ်းပါတယ် (ဥစ္စာရူးသရဲမိုလိုပါ)။ သရဲခြောက်တဲ့အခန်းတွေအနေနဲ့လည်း အရင်ကားတွေလို ဘုန်းကြီးကျောင်းထဲတင်မဟုတ်ဘဲ outdoor scenes တွေပါပါတာမို အပြောင်းအလဲလေးဖြစ်ပြီး ပိုခြောက်ခြားစရာကောင်းလာသလိုပါပဲ။ IMDB rating အနေနဲ့လည်း အရင်ကားတွေထက် အများကြီးသာလွန်ပြီး 6 အထိကိုရရှိထားတာမို အရှေ့တိုင်းကားတစ်ကားအတွက်တော့ တော်တော်ကိုမြင့်တဲ့သတ်မှတ်ချက်တစ်ခုပါ။ 

ဇာတ်လမ်းအကျဉ်းလေးကတော့ Pee Nak 2 မှာ သဲလွန်စပေးခဲ့တဲ့အတိုင်းပဲ အော့ဒ်နဲ့ကိုရင်နော့ဖြစ်လာမဲ့ အိုက်ဂျိုနဲ့အိုက်ကပ်ဟာ အလောင်းပစ္စည်းတွေကို ခိုးယူမိတဲ့အတွက် ပိုင်ရှင်ရှင်လောင်းသရဲက လိုက်တောင်းတာပါပဲ။ အော့ဒ်ခဗျာမှာ ပဉ္ဇင်းတက်ခါနီးမှ ကျန်းမာရေးဆိုးဝါးလာပြီး အိပ်မက်ဆိုးတွေလည်း မက်လိုမက်နဲ့မို ဇာတ်လိုက်ကျော်တစ်စုဟာ အော့ဒ်ကိုကူညီပေးဖို ကြိုးစားကြရ‌ပါတော့‌တယ်။ 

Pee Nak မူဗီတွေဟာ ဇာတ်လမ်းကျောရိုးတစ်ခုတည်းကိုပဲ အပိုင်းလေးတွေခွဲပြီး ရိုက်နေသလိုသဘောမို စီးရီးကြည့်နေရသလို ခံစားရစေမှာပါ။ အဲဒါကြောင့် Pee Nak ဇာတ်ကားလေးတွေကိုကြည့်ရင်း မကြာခင်အသစ်ထွက်တော့မဲ့ Pee Nak 4 ကို အတူတူစောင့်ကြရအောင်ဗျာ။

You May Also Like