ဒီကားလေးကတော့ ရုံတင်ကတည်းက အတော်လေးကိုလူကြိုက်များခဲ့ပြီး IMDb rating 8.4 ရရှိထားတဲ့ ဒရာမာအမျိုးအစားဖြစ်ပြီး အဘွားနဲ့မြေးကြားက သဘောထားကွဲလွဲမှုနဲ့ ချစ်ခြင်းမေတ္တာကို ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ် ကျောင်းထွက်ပြီး ဘ၀ကိုပေါ့ပေါ့ပါးပါး streamerတစ်ဦးအဖြစ်လုပ်ကိုင်ရင်းသူဌေးလုပ်ဖို့တွေးထားတဲ့ အမ် တစ်ယောက်က စိတ်ကူးနဲ့လက်တွေ့ထပ်တူမကျဘဲ အိမ်ရဲ့ဧည့်ခန်းထဲမှာပဲ ကြည့်ရှုသူလေးဦးကို ဂိမ်းဆော့ပြရင်းသောင်တင်နေခဲ့ပါတယ် တစ်နေ့မှာတော့ ၀မ်းကွဲညီမတစ်ယောက်က အဘိုးကိုပြုစုရင်းကနေ နေ့ချင်းညချင်းချမ်းသာသွားတာကိုမြင်တွေ့လိုက်ရပြီး ထိုအချိန်မှာပဲ အဘွားက ကင်ဆာနောက်ဆုံးအဆင့်ဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အမ်ကတော့ အကျိုးလိုလို့ညောင်ရေသွန်းရင်း အဘွားရဲ့နံပါတ်တစ်အချစ်ဆုံးဖြစ်ရဖို့ကြိုးစားရင်း အဘွားနားမှာပြုစုစောင့်ရှောက်ပြီးနေလာခဲ့ရင်းကနေ ထင်ထားတာနဲ့မတူညီဘဲ အဘွားရဲ့ဘ၀က ခက်ခဲမှုတွေ ၊ သားသမီးတွေရဲ့ မသိတတ်မှုတွေပြည့်နှက်နေပြီး အထီးကျန်စရာကောင်းနေခဲ့ပါတယ် အဘွားဘေးနားကနေ အတူတူဖြတ်သန်းရင်း အဘွားကိုစာနာလာတဲ့အမ်က အဘွားအချစ်ဆုံး နံပါတ်တစ်ဖြစ်သွားပြီး အမွေတွေအကုန်ရသွားမလား အဘွားကပဲအမ်ရဲ့အချစ်ဆုံးနံပါတ်တစ်ဖြစ်ပြီး အမ်ရဲ့ အတ္တမပါတဲ့မေတ္တာချည်းသက်သက်ကိုရရှိသွားမလား...မိသားစုတွေမှာဖြစ်ပေါ်တတ်တဲ့ လောဘနဲ့ အတ္တပေါ်အခြေခံထားပြီး လူကြီးလူငယ် သဘောထားကွဲလွဲမှု ၊ မိသားစုရဲ့စစ်မှန်တဲ့ မေတ္တာတရားကို မြင်တွေ့ရမှာပါ