You & Me & Me

အခု တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့  Romance/Drama အမျိုးအစား " You & Me & Me" ဆိုတဲ့ ထိုင်းဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ‌Title လေးကလည်း တွေ့ဖူး မြင်ဖူးနေကြ မဟုတ်ဘဲ တစ်မျိုးလေး ဖြစ်နေမှာပါ။

ဒီဇာတ်ကားလေးကတော့ You & Me ဆိုတဲ့ အချစ်လမ်းညွှန် စာအုပ်လေးထဲက နည်းလမ်းတွေအတိုင်း လိုက်လုပ်ဖို ကြိုးစားခဲ့တဲ့ အမြွှာညီအစ်မနှစ်ယောက် You( ယူ ) နဲ့ Me ( မီ ) အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။

ယူ နဲ့ မီ ဆိုတဲ့ အရပ်အ‌မောင်းတူ၊ ကိုယ်အလေးချိန်တူ၊ ရုပ်ရည်သွင်ပြင်ချွတ်စွပ်တူတဲ့ သိပ်ချစ်ကြတဲ့ အမြွှာညီအစ်မနှစ်ယောက်။ မတူတာဆိုလို မီက ပါးပေါ်မှာ မှဲကလေးပါတယ်။ ယူက မပါဘူး။ ဒီမှဲလေးနဲ့ပဲ ယူ နဲ့ မီ ကို ခွဲခြားပြီး သိကြရတယ်။ 

သူတိုအမြွှာနှစ်ယောက်ကတော့ စာမေးပွဲတောင်မှ မှဲအတုလုပ်၊ မှဲအစစ်ဖျောက်ကာ လူချင်းလဲပြီး ဖြေကြတဲ့အထိ လက်သံပြောင်လွန်းပါတယ်။ ဘယ်လိုမှ ခိုးချလိုမရပါဘူးဆိုတဲ့ စာမေးပွဲဆိုတဲ့ အရာကြီးကိုတောင် လက်တစ်လုံးခြားတောင်မဟုတ် တစ်ကိုယ်လုံး လှည့်စားကာ တစ်လှည့်စီ ဖြေနေကြတာမျိုးပါ။ 

ဒီလို လှည့်ကွက်တွေနဲ့ အဆင်ပြေ အိုကေနေခဲ့ကြတဲ့ သူတိုနှစ်ယောက်ရဲ့ဘဝထဲကို တစ်နေ့ မာ့ခ်ဆိုတဲ့ ကောင်ကလေး ဝင်ရောက်လာတဲ့အခါ ။

မာ့ခ်ကိုမှ ဒီအမြွှာညီအစ်မနှစ်ယောက် အတူတူ ချစ်ကျွမ်းဝင် သဘောကျမိခဲ့တဲ့အခါ ။

မာ့ခ်ကကော အရာရာ ချွတ်စွပ်တူနေတဲ့ ညီအစ်မနှစ်ယောက်ထဲက ဘယ်သူ့ကိုများ ပြန်လည် ငြိတွယ် ချစ်မိခဲ့လေမလဲ ။

အဲဒီလို အားကောင်းတဲ့ သုံးပွင့်ဆိုင်ချစ်ခြင်းနဲ့ မွေးကတည်းက ‌ဖြစ်တည်လာခဲ့တဲ့ အမြွှာညီအစ်မနှစ်ယောက်ရဲ့ ချစ်ခြင်းတရားတို နဖူးတွေ့ ဒူးတွေ့ ဆုံလာတဲ့အခါ ။

ချစ်ခြင်းတရားနှစ်ခုကြားက လူသုံးယောက်။ ဒီသုံးယောက်သား ဘယ်ပုံ ဘယ်နည်း အဆုံးသတ်သွားမလဲဆိုတာကိုတော့ ....

ဒီ You & Me & Me ဆိုတဲ့ ထိုင်းဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှု ခံစားလိုက်ကြပါဦးနော်။ 

You May Also Like