Mai

Mai ဆိုတဲ့
ဗီယက်နမ်ရုပ်ရှင်ဟာ ဗီယက်နမ်ရုပ်ရှင်ထုတ်လုပ်ရေး၊ ရုပ်ရှင်ရိုက်ကူးရေးနဲ့ တည်းဖြတ်ရေးအပိုင်းတွေမှာ အရည်အသွေးထိပ်တန်းအဆင့်
ရှိတဲ့ရုပ်ရှင်ဖြစ်ပါတယ်။
Mai အဖြစ်သရုပ်ဆောင်တဲ့မင်းသမီးရဲ့ချောမောလှပမှုနဲ့တင်
ကြည့်ရတာတန်တဲ့အပြင် ဇာတ်ကောင်အားလုံးကလည်း
သရုပ်ဆောင်ပိုင်နိုင်စွာနဲ့ ဇာတ်လမ်းကိုသရုပ်ဖော်သွားတာ
မြင်တွေ့ရပါတယ်။
ဘဝမှာအရွယ်နဲ့မလိုက်အောင် ဒုက္ခတွေအများကြီးကြုံတွေ့ခဲ့ရတဲ့
ဗီယက်နမ်အမျိုးသမီးငယ်လေးရဲ့ဘဝကို ပုံဖော်ရိုက်ကူး
ထားတာဖြစ်ပါတယ်။
တိုက်ခန်းတစ်ခုကိုပြောင်းလာတဲ့မိုင်ဆိုတဲ့မိန်းကလေးကို အိမ်နီးချင်းတွေက အသားလွတ်မကောင်းမြင်နေကြသလို အလုပ်ထဲမှာလည်း မနာလိုမုန်းတီးခံရတဲ့မိန်းကလေး တစ်ယောက်ဖြစ်ပါတယ်။ အနှိပ်ခန်းတစ်ခုမှာအလုပ်လုပ်တဲ့ မိုင်ဟာ သိပ်မကြာခင်မှာ အိမ်နီးချင်းဒွန်းဆိုတဲ့ကောင်လေးနဲ့ ချစ်မိသွားပြီး မိုင်နဲ့ဒွန်းဟာ အသက် ၇ နှစ်ကွာဟတဲ့ချစ်သူတွေဖြစ်လာခဲ့ပါတယ်။

You May Also Like