Circle Line (2023)

ဒီဇာတ်ကားလေးကတော့စင်္ကာပူဒါရိုက်တာJD Chuaရိုက်ကူးထားပြီး ထိုင်ဝမ်ထုတ်လုပ်ရေးကုမ္ပဏီနဲ့တွဲဖက်ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ -ကားအက်စီးဒင့်အပြင်းအထန်ဖြစ်ခဲ့ပြီး စိတ်ဒဏ်ရာတွေကိုကုသကျော်ဖြတ်နေရတဲ့ သားအမိနှစ်ယောက် -အဖေဟာအလုပ်ထဲမှာပဲနှစ်မြှုပ်ထားပြီး သမီးကိုအချိန်မပေးနိုင်တဲ့ အဖေနဲ့သမီးစတဲ့အဓိကဇာတ်ဆောင်တွေပါဝင်ကြပါတယ် ဇာတ်ကားထဲမှာတော့မြေအောက်အမြန်ရထားတွေဟာအလိုအလျောက်Programနဲ့ပဲထိန်းချုပ်ပြီးသွားကြတာပါ System ဟောင်းမှာချို့ယွင်းချက်တွေဖြစ်လာတဲ့အခါ ရထားကဘူတာ မရောက်ခင်ရပ်သွားတာတွေစတဲ့ချို့ယွင်းချက်တွေဖြစ်လာပါတယ်။ Systemကိုပြန်ပြင်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲ ညပိုင်းနောက်ဆုံးရထားတစ်စီးဟာချို့ယွင်းချက်ကြောင့် ပုံမှန်ရထားလမ်းကြောင်းကနေသွေဖီပြီး အသုံးမပြုတဲ့ရထားလမ်းထဲကိုရောက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာမြေအောက်ရထားလှိုဏ်ခေါင်းထဲမှာဘယ်လိုအရာကစောင့်ကြိုနေမလဲ…… မြေပြင်ဗဟိုဌာနကရော မြေအောက်ရထားထဲကလူတွေကိုဘယ်လိုကယ်တင်မလဲ…… အန္တရာယ်တွေကြုံလာတဲ့အခါ မိခင်တို့ရဲ့သဘာဝအတိုင်း အမေတစ်ယောက်ဟာသားတစ်ယောက်ကိုဘယ်လိုကာကွယ်ပေးမလဲဆိုတာကိုဆက်လက်ကြည့်ရှုပြီး ဒီခေတ်သစ်ထူးဆန်းသတ္တဝါကားဟာဘယ်လိုအနေအထားရှိမလဲဆိုတာကိုကြည့်ရှုလိုက်ကြပါဦးနော်…

You May Also Like