The Cursed

IMDB 5.7 ရရှိထားတဲ့ သရဲကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဓလေ့ထုံးတမ်းတွေကို ယုံကြည်လေ့မရှိတဲ့ မိခင်ဖြစ်သူ အဲလစ်ဟာ ယောက်ျားဖြစ်သူမသေခင်အချိန်ထိ အတင်းတားခဲ့တဲ့ သားဖြစ်သူရဲ့ ဆံပင်အမြှီးကို ဖြတ်ခဲ့ပါတယ် ထိုနေ့ကစပြီး ကံကြမ္မာဆိုး စတင်ဝင်လာခဲ့ပါတယ် ထိုအခါကျမှ သူတိုလင်မယားမကွဲခင် သားဖြစ်သူအား နိုရာဘိုးဘေးများထံ နိုရာအကကို ဆက်ခံခိုင်းပါ့မည်ဟု ယောက်ျားဖြစ်သူ ကတိပြုခဲ့တာကို အမှတ်ရသွားပါတော့တယ် နိုရာအကအကြောင်း ဆက်တိုက်အိမ်မက်မက်နေခဲ့တဲ့ သားဖြစ်သူကလည်း မိုအီဓလေ့ထုံးတမ်းလုပ်လေ့ရှိတဲ့ လမ်ပမ်အိမ်ကို သွားချင်လာခဲ့ပါတယ် သားကိုချစ်လွန်းတဲ့မိခင်ဖြစ်သူကလည်း သားကိုကယ်ချင်တဲ့အတွက် လမ်ပမ်အိမ်ကို ရောက်အောင်သွားကာ ကတိကိုပယ်ဖျက်နိုင်မယ့် နည်းလမ်းကို ရှာပါတော့တယ် သူတို ကတိကို ပယ်ဖျက်နိုင်ပါ့မလား သူတိုကြုံရတဲ့ ကံကြမ္မာဆိုးကရော ဘယ်ကနေစတင်ခဲ့တာလဲ သူတိုလွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်

You May Also Like