Dancing Village: The Curse Begins (2024)

အင်ဒိုသရဲကားကိုမှ ပုံမှန်ဇာတ်ကားတွေလိုမဟုတ်ဘဲ ကချေသည်တွေ ဥစ္စာစောင့်လိုလိုတွေနဲ့ ရှေးဆန်ဆန် vibe မျိုး သဘောကျတတ်တဲ့သူတွေအတွက် ကားသစ်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၅၅ ခုနှစ်ဝန်းကျင်က ‌အရှေ့ဂျာဗားက ဝေးလံခေါင်ဖျားတဲ့ ကချေသည်ရွာလေးတစ်ရွာမှာ ဘာဒါရာဝူဟီလိုခေါ်တဲ့ အစွမ်းကြီးမိစ္ဆာတစ်ယောက်ရှိပြီး ရွာသားတွေဟာသူ့ရဲ့ကျွန်သဖွယ် အလုပ်အကျွေးပြုကြရပါတယ်။ ၁၉၈၀ ခုနှစ်ရဲ့ နေ့တစ်နေ့မှာတော့ မီလာဆိုတဲ့မိန်းကလေးဟာ ကျန်းမာရေးမကောင်းတဲ့သူ့အမေအတွက် တစ်ခုခုလုပ်ပေးနိုင်လိုလုပ်ပေးနိုင်ငြား ဒီရွာလေးဆီကို ရောက်လာခဲ့ပါတယ်။ သူရောက်လာပြီးမကြာခင်မှာပဲ အေးချမ်းနေတဲ့ကချေသည်ရွာကလေးမှာ ထူးဆန်းမှုတွေဆက်တိုက်ဖြစ်လာခဲ့ပြီး ဘာဒါရာဝူဟီလည်း ပြန်ပေါ်လာခဲ့တဲ့အခါမှာတော့ ဒီမိစ္ဆာရန်ကာကွယ်ဖိုအတွက်  အားလုံးကြိုးစားကြရပါတော့တယ်။ တစ်ဖက်မှာလည်း သူ့အမေကိုကာကွယ်ဖို စိတ်အားထက်သန်စွာရောက်ရှိလာခဲ့တဲ့ မီလာဆိုတဲ့ဒီကောင်မလေး သူ့အမေကိုကယ်တင်နိုင်မှာလားဆိုတာ ရင်သပ်ရှုမောကြည့်ရှုရမှာဖြစ်ပါတယ်။

You May Also Like