Sesons (2023)

သွေးသားမတော်စပ်တဲ့ ဖိုမပတ်သက်မှုမှာ တဏှာ ကင်းတဲ့ "၅၂၈” အချစ်ဆိုတာရှိပါ့မလား။ အရင်း နှီးဆုံး သူငယ်ချင်းနှစ်ယောက်ကြားမှာတောင်မှပေါ့။ အများစုကတော့ တစ်ယောက်မဟုတ် တစ်ယောက် ကတော့ တိတ်တခိုးကြိုက်နေတတ်တာပါပဲ။ ဘေးနား မှာ အမြဲအသင့်ရှိနေပြီး တစ်ချိန်မှာ ကိုယ့်ကိုမြင်လာ မလား စိတ်ကူးတွေနဲ့ပေါ့။ဒီလိုပါပဲ... ချာလီနဲ့ကတ် တို့ သူငယ်ချင်းနှစ်ယောက်က အချင်းချင်း "၅၂၈” အချစ်နဲ့ပဲချစ်ကြတယ်လို့ လက်ခံထားကြတဲ့သူပါ။ ကတ်တစ်ယောက် စင်ဂယ်ဘ၀နဲ့နေနေတာကို မ မ ကြည့်ရက်လေသူ ချာလီက ဂျိန်းဆိုတဲ့ကောင်မလေး တစ်ယောက်နဲ့ ချိတ်ပေးလိုက်တာပေါ့။ ဖင်ယားမှု တစ်သိန်း အာမ,မခံဆိုတဲ့စကားအတိုင်း ဂျိန်းဖြစ် သူ ကတ်ဘဝထဲရောက်လာမှ ချာလီတစ်ယောက် သူ ကတ်ကိုကြိတ်ချစ်မိနေမှန်း သတိထားမိပါတော့ တယ်။ ကတ်ကလည်း ဂျိန်းဖြစ်သူကို လက်ထပ်ခွင့် တောင်းတော့မယ့်အချိန် ချာလီကလည်း ကတ်ကို အဆုံးရှုံးမခံနိုင်တော့တဲ့အတွက် ကြံမိကြံရာကြံလိုက် မိပါတယ်။ အဲဒီကနေမှ သူနဲ့ကတ်ရဲ့ဆက်ဆံရေးက ဘယ်ဆီကို ဦးတည်သွားမလဲ ဆိုတာကို ဒီ ဖိလစ်ပိုင် အချစ်ဇာတ်လမ်းလေးမှာ အားလုံးပဲဆက်လက်ကြည့်ရှုခံစားလိုက်ပါ

You May Also Like