My Precious

ဒီဇာတ်ကားလေးကတော့ ၁၆ အရွယ် တွန်နဲ့လင်တိုရဲ့ ရိုမန်ကျောင်းသားဇာတ်ကားလေးပဲဖြစ်ပါတယ်။ လူငယ်ပီပီ မရင့်ကျက်မှုတွေကြားမှာ အမှားတွေကျူးလွန်မိတာတွေရှိမယ်။ ပြန်ပြင်လိုရနိုင်တဲ့အမှားတွေရှိသလို တစ်သက်လုံးနောင်တရသွားနိုင်တဲ့အမှားတွေလဲရှိပါတယ်။ ဒီဇာတ်ကားလေးမှာတော့ တွန်နဲ့လင်ရဲ့ ကျောင်းသားဘဝအမှတ်တရ အချစ်ဇာတ်လမ်းလေးကို ဟာသနှောပြီး ရီရီမောမော ‌ကြည့်ရှုရမဲ့ထိုင်းဇာတ်ကားလေးဘဲဖြစ်ပါတယ်။ ဒီဇာတ်ကားက You are apple of my eye ဇာတ်ကားကိုအခြေခံပြီးရိုက်ကူးထားတဲ့ဇာတ်ကားလဲဖြစ်ပါတယ်။ တရုတ်ဗားရှင်းမှာလဲ ရင်ထဲထိခဲ့ရသလို ထိုင်းဗားရှင်းကလဲတစ်မျိုးလေးဆန်းသစ်ပြီး စိတ်ဝင်စားဖိုကောင်းတာမို ကြည့်ရှုသင့်တဲ့ဇာတ်ကားလင့်ထဲမှာထည့်ထားရမဲ့ဇာတ်ကားကောင်းတစ်ပုဒ်ပါဘဲ။

You May Also Like