Love You to Debt (2024)

ဒီဇာတ်ကားလေးမှာတော့ Bright လို့လူသိများကြတဲ့ မင်းသားချောလေးနဲ့ မင်းသမီးလေး Yaya တို့ ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ငွေချေးဂိုဏ်းအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ဘိုနဲ့ ဖခင်ကြောင့်အကြွေးတွေတင်နေနဲ့ ဘဏ်ဝန်ထမ်းမလေး အင်မ်တို့ရဲ့ဇာတ်လမ်းကို ရင်သက်ရှု‌မောဖွယ်ကြည်ရှုခံစားကြရမှာပဲဖြစ်ပါတယ် ဘိုဟာ အင်မ်ရဲ့ဖခင်ဆပ်ဖို့ကျန်နေသေးတဲ့အကြွေးတွေအတွက် နေ့စဉ်အတိုးသွားတောင်း‌နေရတဲ့သူတစ်ဦးဖြစ်တယ် အဲ့လိုနဲ့တစ်နေ့မှာ ဦးလေးအော့ဒ်ဆေးရုံတင်လိုက်ရတဲ့အခါ အင်မ်နဲ့ဆုံတွေ့ခဲ့ပြီး ဘိုဟာဦးလေးအော့ဒ်ဆပ်ဖို့ကျန်နေတဲ့ အတိုးနဲ့ချေးငွေတွေကို သူ့သမီးဆီကနေပြန်ရဖို့ကြိုးစားရင်း အင်မ်ကိုချစ်မိသွားတဲ့အခါမှာတော့ အင်မ်အနေနဲ့ရော လူမိုက်တစ်ယောက်ကို ပြန်ချစ်နိုင်ပါ့မလား အကြွေးတွေကို‌ရော ဘယ်လိုပြန်ဆပ်သွားမှာလဲ ဘိုကရော အချစ်အတွက်လူမိုက်အဖြစ်ကနေရုန်းထွက်နိုင်မှာလားဆိုတာကို စိတ်ခံစားမှုရသများစွာခံစားရင်းကြည့်ရှုရမှာပဲဖြစ်ပါတယ်

You May Also Like