Kitty the Killer

မြေအောက်ဒုစရိုက်ဂိုဏ်းမှာ 

မိဘမဲ့မိန်းကလေးတွေကို ကြေးစားလူသတ်သမားဖြစ်လာအောင် မြေတောင်မြှောက်ပေးတဲ့ ကန်.....

ကမ္ဘာပေါ်မှာ အရက်စက်ဆုံးဖြစ်လာတဲ့ အမျိုးသမီးလူသတ်သမား ဒီနာ....

သူတိုအလုပ်လုပ်နေတဲ့ မြေအောက်ဒုစရိုက်ဂိုဏ်းက သူတိုအပေါ် သစ္စာဖောက်လာတဲ့အခါမှာတော့.....

တဖက်မှာလည်း ရုံးဝန်ထမ်းအဖြစ်နဲ့ ဘဝကို တုံးတုံးအအနဲ့ ဖြတ်သန်းနေတဲ့ ချာလီ...

ဘဝမှာ အေးအေးလူလူနဲ့ ‌အောင်မြင်ချင်တဲ့ ချာလီ မတော်တဆ ကားတိုက်မှုဖြစ်တဲ့အခါမှာတော့.....

ထူးဆန်းတဲ့ "မှော်ဓာတ်လုံး" ကြောင့် ဂိုဏ်းအချင်းချင်းသွေးကွဲသွားတဲ့အခါ

ကန်တယောက် သူ့ရဲ့"အုပ်ထိန်းသူ" နေရာကို ချာလီအတွက် ဘယ်လိုလက်ဆင့်ကမ်းပေးသွားမလဲ

ပျောက်ဆုံးနေတဲ့ "မှော်ဓာတ်လုံး" မှာ ဘယ်လိုကြီးမြတ်တဲ့ စွမ်းအင်တွေရှိနေတာလဲ

ကန်တမြတ်တနိုး ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ဒီနာရဲ့ အသက်ကို သူဘယ်လိုကယ်တင်ပေးသွားမလဲ

အဲဒီနောက် အကြမ်းအရမ်းဖိုက်တင်ခန်း၊ ဖြစ်ရပ်ဆန်းတွေကို ဟာသအသောလေးတွေနဲ့ ခပ်မြူးမြူးရင်ခုန်ရမှာဖြစ်ပြီး 

မထင်မှတ်ထားတဲ့ ဖြစ်ရပ်တွေကြောင့် မြေအောက်ဂိုဏ်းသားဖြစ်လာတဲ့ ချာလီတယောက် ဒီနာကို ဘယ်လိုအသက်နဲ့ရင်းပြီး ကာကွယ်ပေးသွားမှာဆိုတာ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

You May Also Like