Hiraya

ဟီရာယာဆိုတာ ဆန်ရိုကေးတိုက်နယ်အပိုင်ရွာတစ်ခုကမြစ်ကမ်းဘေးမှာ ဒဏ်ရာတွေနဲ့လဲနေလို အဘွားကြီးတစ်ယောက်က ကယ်ထားတဲ့ဇစ်မြစ်မသိရတဲ့ မိန်းမလှလေးတစ်ယောက်ပါ။

သူ့ကိုစတွေ့ကတည်းက နာမည်တစ်ခုကလွဲလို ဘာမှမေးမရတဲ့အပြင် ခေါင်းထိထားတဲ့ဒဏ်ရာကြောင့်အတိတ်ကလည်းမေ့နေပြန်ပါသေးတယ်။

ရပ်ထဲရွာထဲက အတင်းပြောတတ်တဲ့အမျိုးသမီးတွေရဲ့စကားအရတော့ သူ့ကိုရှာတွေ့ခဲ့တဲ့ မြစ်ဘေးဟာ သုံးနှစ်တစ်ကြိမ် သူယောင်မတွေက ယောကျ်ားတွေကိုမြူဆွယ်ဖြားယောင်းပြီးခေါ်သွားတတ်တဲ့ ပါးစပ်ရာဇဝင်တစ်ခုရှိတဲ့အတွက် သူ့ကိုလည်း အဲ့ဒီကလာတဲ့ လူယောင်ဆောင်တစ်ဦးလိုဆိုကြပြန်ပါတယ်။

ဒါပေမယ့် စကားမပြောတတ်၊အတိတ်ကို မမှတ်မိတဲ့ ဟီရာယာဟာ တွေ့သမျှယောက်ျားတိုင်းနဲ့လိုက်အိပ်ပြီး အဲ့ဒီလိုသူနဲ့အိပ်ဖူးတဲ့သူတိုင်း ကံဆိုးမိုးမှောင်ကျမှုတွေ ကြုံတွေ့ရတဲ့ဖြစ်ရပ်တွေ စိပ်လာချိန်မှာတော့ တစ်ရွာလုံးနဲ့ထိပ်တိုက်တွေ့ဖိုဖြစ်လာပါတော့တယ်။

 

You May Also Like