Ae Watan Mere Watan

ဘောလိဝုဒ်ကားဆို အက်ရှင်တွေ သရဲကားတွေနဲ့ပဲ တော်တော်များများရင်းနှီးကြမှာပါ။ အခုတစ်ခါမှာတော့ ထူးထူးခြားခြား ဗြိတိသျှအစိုးရကို တော်လှန်တဲ့ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ 

အိန္ဒိယဟာလည်း မြန်မာနိုင်ငံနည်းတူ အင်္ဂလိပ်အစိုးရလက်အောက်ကို ကျရောက်ခဲ့ဖူးပါတယ်။ ၁၉၄၂ ခုနှစ်မှာတော့ ဗြိတိသျှအစိုးရရဲ့ ခေါင်းပုံဖြတ်လက်ဝါးကြီးအုပ်မှုကိုမခံနိုင်တဲ့ မဟတ္တမဂန္ဒီဟာ အကြမ်းမဖက်လှုပ်ရှားရေးလမ်းစဉ်ကို စတင်ခဲ့ပါတယ်။ ဒီအတွက် ဂန္ဒီအပါအဝင် နိုင်ငံရေးခေါင်းဆောင်တော်တော်များများ ဖမ်းဆီးခံခဲ့ရပါတယ်။

ခေါင်းဆောင်တွေဖမ်းဆီးခံရပြီးတဲ့နောက် ကျန်တဲ့သူအတော်များများကတော့ မြေအောက်အဖွဲအစည်းတွေထဲရောက်ရှိသွားကြပါတယ်။ အဲဒီနည်းတူပဲ ဂန္ဒီဝါဒီဖြစ်တဲ့ အူရှားနဲ့ သူငယ်ချင်းနှစ်ယောက် တိုင်းပြည်လွတ်လပ်ရေးအတွက် တစ်ဖက်တစ်လမ်းကကူညီဖို ကြိုးစားကြပုံကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။