Naa Saami Ranga

ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Naa Saami Ranga ဆိုတဲ့ အက်ရှင်ဒရမ်မာ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ Anji နဲ့ Kishtaiah တိုညီအစ်ကိုနှစ်ယောက်ရဲ့ သံယောဇဉ်ကို ဖော်ကြူးထားတဲ့ ဒရမ်မာလေးပဲဖြစ်ပါတယ် Kishtaiah ဆိုတဲ့အိမ်ခြေရာမဲ့ ကလေးတစ်ယောက် Anji နဲ့ညီအစ်ကိုတွေလိုဖြစ်လာပြီး နှစ်ယောက်သား စားအတူ သွားအတူ နေထိုင်ခဲ့ကြတယ် ရွာတိုင်းမှာ သူတိုကိုစောင့်ရှောက်ပေးနေတဲ့ ဘုရားသခင်ဆိုတာ ရှိတယ်လိုဆိုကြတယ် Anji တိုရွာမှာတော့ ဘုရားသခင်ဆိုတာ Kishtaiah ကိုယ်တိုင်ပါပဲ ဒီမြေမှာနေ ဒီလေကိုရှုပြီး ဒီမြေကရေကိုသောက်ပြီး ဒီရွာကို သစ္စာရှိမယ်ဆိုတဲ့ သန္ဒိဌာန်နဲ့ ရွာကိုစောင့်ရှောက်ရင်း မိသားစုကြားကသံယောဇဉ် သူငယ်ချင်းသံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားကြည့်ရှုနိုင်မယ့်ကားကောင်းလေးဖြစ်လို လက်မလွှတ်တမ်းကြည့်ရှုခံစားကြပါဦး