Manjummel Boys

နယ်စွန်းနယ်ဖျားဒေသတစ်ခုကို အပျော်ခရီးထွက်ခဲ့ကြတဲ့ Art Club အဖွဲ၀င်သူငယ်ချင်းတစ်စုဟာ မထင်မှတ်ဘဲ တောအုပ်ထဲက ကန့်သတ်ဧရိယာဆီကိုရောက်သွားကြပါတယ်။ ကြားဖူးနား၀ရှိနေတဲ့ Guna ဆိုတဲ့ ဂူကိုသွားကြည့်ဖို တစ်ယောက်ကလောဆော်ရာက အုပ်စုလိုက်သွားကြတဲ့ သူငယ်ချင်းတစ်သိုက်မှာ ဆူဘက်ရှ်ဆိုတဲ့တစ်ယောက် မတော်တဆခြေချော်ပြီး တစ်ယောက်စာသာဆန့်တဲ့ တွင်းပေါက်ထဲ  လျောကျသွားခဲ့တဲ့အခါ....

ဒါလေးက Thriller နဲ့ Survival mode ကို တောတော်လေး ပြသွားနိုင်တဲ့ကားအမျိုးအစားလေးပါ။ ဆူဘက်ရှ်ကို ကယ်တင်ဖို အသီးသီးရုနကန်ရပုံတွေ conflict တွေကို ပေါ်လွင်အောင်ရိုက်ကူးထားတာ မြင်တွေ့ရမှာပါ။ ကိုယ်တိုင်ရှုစားကြည့်ကြပါဦး။