Maharaja

ဒီဇာတ်ကားလေးကတော့ IMDb Rating 8.7 ထိ ရရှိထားတဲ့ 2024 ရဲ့ အကောင်းဆုံး အိန္ဒိယဇာတ်ကားတစ်ကားလို ကြည့်ရှုသူ‌တွေ မှတ်ချက်ပေးနေကြတဲ့ Maharaja ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ 


မဟာရာဂျာ ဟာ မိန်းမဖြစ်သူနဲ့ သမီးဖြစ်သူရဲ့ မတော်တဆမှုကို မျက်စိရှေ့မှာ မြင်လိုက်ရပေမယ့် သမီးဖြစ်သူ ဂျိူတီက အမှိက်ပုံးတစ်ပုံးရဲ့ ကာကွယ်ပေးမှုကြောင့် အသက်ရှင် ကျန်ရစ်နေပါတယ်။ ဒါကြောင့် သူတို သားအဖက ဒီအမှိက်ပုံးကို လက်ခ်ျမီလို အမည်ပေးပြီး မိသားစုဝင် တစ်ယောက်လို ကျေးဇူးရှင်တစ်ယောက်လို ဆက်ဆံ နေထိုင်ကြပါတယ်။ ဒါပေမယ့် တစ်နေ့မှာ မဟာရာဂျာက သူ့ရဲ့ အိမ်ကို သူခိုးသုံးယောက်ဖောက်ထွင်းဝင်လာပြီး လက်ခ်ျမီ (အမှိက်ပုံး) ကို ခိုးသွားတယ်လို ရဲစခန်းမှာ တိုင်ချက်လာဖွင့်ပါတယ်။ သူက လက်ခ်ျမီကို ပြန်ရှာမတွေ့မချင်း လက်မလျှော့နိုင်ပဲ ရဲတွေက သူခိုးသုံးယောက်ကိုအတင်းရှာပေးဖို အသနားခံတောင်းဆိုခဲ့ပါတယ်။ 


သူက အမှိက်ပုံးတစ်ပုံးကို ဘာကြောင့် အသည်းအသန်ဖြစ်နေရတာလဲ ။ ဒီအမှိက်ပုံးနောက်ကွယ်မှာရော ဘယ်လို အဖြစ်အပျက်တွေ ရှိနေတာလဲဆိုတာကို ဇာတ်ကွက်အလှည့်အပြောင်းတွေ အများကြီးနဲ့ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။