Gaami

ဒီတစ်ခေါက် ရုပ်ရှင်ဇာတ်ကားလေးကတော့ 2024 ခုနှစ်ကပဲ ထွက်ရှိထားခဲ့တဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်းကြယ်‌မှုတွေကို အခြေခံပြီးရိုက်ကူးထားတဲ့ Gaami ဆိုတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။
ဒီကားလေးထဲမှာတော့ လူသားတွေနဲ့ ထိတွေ့လိုမရတဲ့ ကျိန်စာကြောင့် အမြဲရှောင်ဖယ်ခံရပြီး ဘယ်သူကမှ လိုလားခြင်း မရှိတာကြောင့် အမြဲ နာကျင်မှုတွေ ဝေဒနာတွေနဲ့ နှစ်ပေါင်းများစွာနေနေခဲ့တဲ့ သူတစ်ယောက်က သူ့ရဲ့ ဝေဒနာကို ဖြေရှင်းဖိုအတွက် နည်းလမ်းရှာတွေ့သွားတဲ့ အချိန်မှာ။တစ်ခုတည်းသော ကုသနည်းဖြစ်တဲ့ ရှားပါးခက်ခဲလွန်းတဲ့ မှိတစ်မျိုးကို ရှာဖွေရင်း ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့နိုင်မလဲ။သူ့ရဲ့ ဝေဒနာကရော တကယ်ပဲ ပျောက်ကင်းနိုင်ပါ့မလား။ ဘယ်လိုလှည့်ကွက်တွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုကြရအောင်နော်။
IMDB rating 7 ထိတောင် ရရှိထားတဲ့ ဇာတ်ကားကောင်းလေးမို အကုန်လုံးရဲ့ အာရုံကို ဖမ်းစားနိုင်မယ့် ဇာတ်ကားကောင်းလေး ဖြစ်မှာ သေချာပါတယ်နော်။