Sasanasabha

ဒီတစ်ခါမှာတော့ Sasanasabha ဆိုတဲ့ 2022မှာထွက်ရှိခဲ့တဲ့အိန္ဒိယရုပ်ရှင်ကားကိုတင်ဆက်ပေးချင်ပါတယ်။ IMDb 7.1 ရရှိထားတဲ့နိုင်ငံရေးဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ ရမ်မိုဟန်ရာအိုနဲ့ ရှာမ်မလာဘာရာ့သ်တို့ဟာပြိုင်ဘက်နိုင်ငံရေးသမားတွေဖြစ်ကြပါတယ် ရမ်မိုဟန်ရာအိုကတော့လက်ရှိအာဏာရပါတီခေါင်းဆောင်ဖြစ်ပြီး ရှာမ်မလာဘာရာ့သ်ကတော့အတိုက်အခံပါတီခေါင်းဆောင်ဖြစ်တဲ့အပြင်ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ 

ဒီတစ်ခေါက်ရွေးကောက်ပွဲမှာ ရှာမ်မလာဘာရာသ်ကအနိုင်ရပြီးဝန်ကြီးချုပ်ဖြစ်လာဖို့ရည်ရွယ်ထားတာကြောင့် သူမအနိုင်ရရေးအတွက် ဘယ်လိုတွေ ကြံစည်မှာလဲ၊ သူမကြံစည်တာတွေကိုရော အကောင်အထည်ဖော်နိုင်မှာလားဆိုတာတွေကို အလှည့်အပြောင်းများစွာနဲ့အတူ ရှုစားကြရမယ့်အပြင်...
နိုင်ငံရေးသမားတွေရဲ့အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံတွေ၊ ဒါတွေကိုပြင်ဆင်ပြီးတော့ ပြည်သူတွေရဲ့ကောင်းကျိုးကိုအမှန်တကယ်လိုလားတဲ့ခေါင်းဆောင်တွေရဲ့ အခက်အခဲကြားကကြိုးပမ်းမှုတွေကိုပါ တွေ့ရမယ့်စိတ်ဝင်စားစရာ နိုင်ငံရေးဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။