Gangs of Godavari

ကဲအမျိုးတို့ရေ ၂၀၂၄ မှ အသစ်စက်စက်ထွက်ရှိထားတဲ့ ganga of godavari ဆိုတဲ့ကုလားကားလေးကို အားလပ်ရက်မှာ ပေါ့ပါ့ပါးပါးကြည့်ရှုလို့ရအောင် ကျွန်တော်တို့chလေးကနေ ဘာသာပြန်တင်ဆက်လိုက်ပါတယ်။

ဇာတ်လမ်းအညွှန်း

ဂိုဒါဗာရီဆိုတဲ့ကျွန်းငယ်လေးမှာ ရတ်တာက မွေးဖွားလာသူတစ်ဦးဖြစ်ပါတယ်။ငယ်ငယ်ကတည်းက ဖခင်ဖြစ်သူကသေဆုံးသွားခဲ့ရတာမို့ စားဖို့သောက်ဖို့ရှာဖွေရုန်းကန်နေရတဲ့ဘဝကို ရောက်မှာကို အရမ်းစိုးရိမ်သူဖြစ်ပါတယ်။ ဆာလောင်မှုနဲ့စားရဖို့အရေးပဲတွေးပြီး ဗဟိုပြုလည်ပတ်နေရမဲ့ဘဝကို မရောက်ချင်သူတစ်ဦးလည်းဖြစ်ပါတယ်။ဒီလိုဘဝမျိုးမရောက်ဖို့အရေး သူကအဆင့်ဆင့်တီထွင်ကြံဆရင်းနဲ့ ဟိုခေါင်း​ဆောင်အကြီးအကဲကိုကပ်လိုက်၊ဒီခေါင်းဆောင်အကြီးအကဲကို ကပ်လိုက်နဲ့ MLAလို့ခေါ်တဲ့ ဥပဒေပြုလွှတ်တော်အမတ်တစ်ယောက်ဖြစ်လာပါတော့တယ်။သူအမတ်တစ်ဦးဖြစ်လာတဲ့အခါမှာ သူ့ရဲ့ကျွန်းငယ်လေးကိုရေလွှမ်းမိုးမှုဒဏ်ကနေ သက်သာရာရအောင်ကူညီပေးမယ်လို့ ရွာသားတွေကိုကတိပေးခဲ့ဖူးပါတယ်။
တကယ်တမ်းအမတိတစ်ယောက်ဖြစ်လာတဲ့အခါမှာလောဘဇောတိုက်ပြီး ရွာသားတွေကိုပေးထားတဲ့ကတိကို တည်ပါဦးတော့မလား?

သူ့ဘဝထဲဝင်လာမဲ့သူ့အချစ်ဦးလို့လည်းပြောလို့ရသလို သူ့မိန်းမလို့လည်းခေါ်လို့ရတဲ့ကောင်မလေးကိုရော သူ့ကိုမကျေနပ်နေကြတဲ့ မသမာသူတွေရဲ့ရန်ကနေ ကာကွယ်ပေးနိုင်မလားဆိုတာကို ချစ်ခြင်းမေတ္တာနဲ့လောဘကြားမှာ ဗျာများနေရတဲ့ ရတ်ကာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။