Hanu Man

Hanuman ဆိုဇာတ်ကားကတော့ မကြာသေးခင်ကမှထွက်ရှိထားတဲ့ အိန္ဒိယမှာဒုတိယဝင်ငွေ အကောင်းဆုံး ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့  အိန္ဒိယရဲ့ ဒဏ္ဍာရီဇာတ်လိုက်ကျော်ကြီး ဟာနုမာန်ကိုပဲ စူပါဟီးရိုးဗားရှင်း ပုံစံအသွင်ပြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာ စူပါဟီးရိုး ဖြစ်ချင်လှတဲ့ မိုက်ကယ်ဆိုတဲ့ကလေးငယ်လေးက စူပါဟီးရိုးဇာတ်ကားတွေကို စွဲလမ်းပြီး မိဘမဲ့ဖြစ်မှပဲ ရှေ့က ဟီးရိုးတွေရဲ့ ခြေရာကိုနင်းနိုင်တော့မှာဆိုပြီး အယူလွဲကာ မိဘတွေကိုကိုယ်တိုင်ပြန်သတ်ခဲ့ပါတော့တယ် ။ဘတ်မန်းလို စူပါဟီးရိုး ဖြစ်ချင်ပေမဲ့ စူပါဗီလိန်တစ်ယောက်ဖြစ်မှန်းမသိဖြစ်ခဲ့တဲ့ မိုက်ကယ်နဲ့  အန်ဂျာနာဒရီရွာလေးက ဟာနုမာန် ဆိုတဲ့ ကောင်လေးက ဘယ်လိုအကြောင်းတွေကြောင့်ဆုံတွေ့ပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာရယ်  ဒဏ္ဍာရီထဲက ဟာနုမာန်နဲ့ ခေတ်သစ်စူပါဟီးရိုးတို ဘယ်လိုချိတ်ဆက်မိသွားကြမှာလဲကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုပေးကြ ပါဦးနော်…