Kalki 2898-AD

ဒီတစ်ခေါက်မှာတော့ IMDb rating 7.6/10 ရရှိထားတဲ့ အိန္ဒိယ သဘာဝလွန်သိပ္ပံဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 

ကာလ်ကီဆိုတာ ဗိဿနိုးလိုလည်းသိကြတဲ့ မြင်းစီးစစ်သည်နတ်ဘုရားတစ်ပါးပါ။ ကာလ်ကီရဲ့ ကိုယ်ပွားတစ်ဦးက ကမ္ဘာမြေကြီးကို ကာကွယ်ဖို အေဒီ ၂၈၉၈ ထိ ရောက်ရှိလာပြီး သန္ဓေတည်ပြန်ဝင်စားမယ်လိုလို ယုံကြည်သူ‌တွေရှိနေကြပါတယ်။  

အေဒီ ၂၈၉၈ ရောက်တဲ့အခါ ကမ္ဘာပေါ်မှာ ကာရှီလိုခေါ်တဲ့ နောက်ဆုံးမြိုတစ်မြိုပဲ ကျန်ရှိနေပြီး ကာရှီက ကွန်းပလက်စ်လိုခေါ်တဲ့ လေပေါ်မှာပျံဝဲနေတဲ့ ယာဉ်ပေါ်ကို ရောက်ရဖိုက အားလုံးရဲ့ အိပ်မက်ပါပဲ။ ကွန်းပလက်စ်ကို အုပ်ချုပ်နေတာကတော့ စူပရင်းမ် ရာစကင်‌ဖြစ်ပြီး သူက သန္ဓေဆောင်နိုင်တဲ့အမျိူးသမီးတွေကို စမ်းသပ်မှုပြုလုပ်ကာ ရက်ပေါင်း ၁၅၀ ထိ သန္ဓေဆောင်နိုင်တဲ့ သူဆီက ဆေးရည်ဖော်ထုတ်ချင်တာပဲဖြစ်ပါတယ်။ ဒါကို ရှမ်ဘာလာတိုင်းပြည်က သူတွေက ဒီမိန်းကလေးကို ကယ်ထုတ်ကြရင်း နောက်ဆုံးမှာ စူပရင်းမ်ရဲ့ ဆန္ဒအတိုင်း ဆေးရည်ကို ဖော်ထုတ်နိုင်မှာလား၊ ရှမ်ဘာလာက လူတွေက နတ်ဘုရားကို သ‌န္ဓေတည်ထားနိုကောင်တယ်လို ယုံကြည်နေကြတဲ့ ကောင်မလေးကို ကယ်ထုတ်သွားနိုင်မှာလားဆိုတာ ဒီ‌ဇာတ်ကားလေးထဲမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။