Do Aur Do Pyaar

အသစ်စက်စက် Disney ထုတ် Hindi movie လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Rom-Com အမျိုးအစားဖြစ်ပြီး မင်းသားမင်းသမီးတွေရဲ့ visual အပြင် သီချင်းကောင်းကောင်းလေးတွေနဲ့ ကြည်နူးစရာဇာတ်အိမ်လေးကြောင့် လူစိတ်ဝင်စားမှုခံနေရတဲ့ ကားလေးတစ်ကားဖြစ်ပါတယ်။ 

ဇာတ်လမ်းအကျဉ်းကတော့  အိမ်ထောင်သက်တမ်း ကာလတစ်ခုအကြာမှာ ဒီအိမ်ထောင်အပေါ်ငြီးငွေ့လာကြတဲ့အတွဲတစ်တွဲဟာ အပြင်မှာအသစ်ရှာတွေ့သွားကြတဲ့အတွက် အမှန်တရားကိုထုတ်ပြောပြီး ကိုယ့်လမ်းကိုယ်ဆက်လျှောက်ဖို အခွင့်ကောင်းစောင့်နေခဲ့ကြပါတယ်။ ဒါပေမဲ့လည်း တစ်ညမှာတော့ မထင်မှတ်ထားတဲ့အရာတစ်ခု ဖြစ်လာတဲ့အခါမှာတော့ သူတိုစီစဉ်ထားသလိုဖြစ်မလာဘဲ ကံစီမံရာအတိုင်းဆက်သွားဖို အကြောင်းဖန်လာပါတော့တယ်။ 

IMDB rating 6.4 အထိရရှိထားပြီး တစ်လင်တစ်မယားစနစ်ရဲ့ ကြည်နူးစရာလှပမှုကို ရိုက်ပြထားတဲ့အတွက် ပူပူနွေးနွေးအချစ်ငှက်ကလေးတွေအတွက် ကြည့်ဖိုအသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။