Wild Wild Punjab (2024)

ဒီဇာတ်ကားလေးကတော့ ဘော်ဒါမကောင်း သူကောင်းမဖြစ်ဆိုသလိုမျိုး အသဲကွဲလို့ သတ်သေမလို့ပါဆို ဘေးကနေ ထိုင်မြှောက်ပေးတဲ့ သူငယ်ချင်းမျိုး ရှိလားအိမ်မပိုင်လို့ ပြဿနာတက်နေပါတယ်ဆို အိမ်မပိုင်တဲ့ကောင်ကိုမှဝိုင်းဒုက္ခပေးတဲ့ သူငယ်ချင်းမျိုး ပိုင်ဆိုင်ထားလားမကောင်းတာလုပ်မယ်ဆို နှစ်ခါခေါ်စရာမလို အရောက်ပို့ပေးမယ့် သူငယ်ချင်းမျိုးရော တွေ့ဖူးလားသေလောက်အောင် ချမ်းသာနေပါစေ ကျပ်မပြည့်တဲ့ဘော်ဒါရော ကြုံဖူးကြလားဘာတွေဘယ်လိုပဲဖြစ်နေပါစေ အခက်အခဲကြုံလာတဲ့အခါ ကိုယ့်ဘက်မှာ ရှိနေပေးကြမှာက ဒီဘော်ဒါတွေပါပဲဒီကားလေးမှာတော့ သူငယ်ချင်း ၄ ယောက် ဂယက်ထကြတာကို ကြည့်ရှုရမှာပါဘဝဖိအားတွေခံရတဲ့အခါ, ဘယ်အရာကမှ ကိုယ့်ကိုမပျော်ရွှင်စေတော့တဲ့အခါငယ်တုန်းက ဂယက်အတူတူထခဲ့ကြတဲ့ သူငယ်ချင်းတွေအကြောင်းပြန်တမ်းတတာကလည်း ထွက်ပေါက်လေးတစ်ခု ဖြစ်နိုင်ပါတယ် သူငယ်ချင်း ၄ယောက်ဘယ်လိုတွေဂယက်ထကြမလဲဆိုတာကို ဟာသအနေနဲ့တင်ဆက်ထားတဲ့ ဟာသကားကောင်းလေး ဖြစ်တာကြောင့် ကြည့်ရှုလိုက်ကြရအောင်ပါ