White Rose

ဒီတစ်ခါ ထပ်မံတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Indian Thriller ဇာတ်ကားလေး White Rose (2024) ပဲဖြစ်ပါတယ် 

ဇာတ်လမ်းအကျဉ်းကတော့ 
ဒီဗီရာဟာ အကြွေးမဆပ်နိုင်လို သမီးဖြစ်သူဒီယာတစ်ယောက်ကို အကြွေးရှင်တွေက ဖမ်းခေါ်သွားရာက ရဲအရာရှိ ဗီထရီကို ဆက်သွယ်ကာ သမီးဖြစ်သူကို ကယ်တင်ပေးဖို တောင်းဆိုခဲ့ပါတယ် ဒီဗီရာတစ်ယောက်လည်း သမီးဖြစ်သူဒီယာကို ကယ်တင်ဖိုကြိုးစားရင်း စိတ္တဇလူသတ်သမား ဒီလစ်နဲ့တွေ့ဖို ကံကြမ္မာဖန်လာပါတော့တယ် စိတ္တဇလူသတ်သမား ဒီလစ်ဟာ သာမာန်ကွင်းဆက်လူသတ်သမားတွေထက် ထူးခြားနေတဲ့အတွက် ဒီဗီရာတစ်ယောက် ဘယ်လိုအသက်ရှင်ဖိုကြိုးစားမလဲ သမီးဖြစ်သူ ဒီယာလေးနဲ့ရော အသက်ရှင်လျက် ပြန်ဆုံနိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ် IMDb 7.2/10 လည်းရရှိထားတဲ့အပြင် လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်