Weapon

ဒီတစ်ခေါက် ဇာတ်ကားလေးကတော့ IMDb rating 7.4/10 ထိရရှိထားတဲ့ အိန္ဒိယ သဘာဝလွန် သိပ္ပံဇာတ်ကား‌လေးတစ်ကားပဲဖြစ်ပါတယ်။ 

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတစ်ဦးဖြစ်တဲ့ YouTuber အာဂနီက စွမ်းအားရှင်တွေအကြောင်းကို လေ့လာရှာဖွေပြီး YouTube ချန်နယ်မှာတင်ဖို ကြိုးစားနေသူတစ်ဦးပါ။ တစ်နေ့ သူ့ဟာ နျူထရီနိုသုတေသနစင်တာပေါက်ကွဲမှု အနီးနားမှာရှိနေတာကြောင့် သံသယတရားခံအနေနဲ့ ဖမ်းဆီးစစ်ဆေးခံလိုက်ရပါတယ်။ တစ်ဖက်မှာလည်း သူရှာဖွေနေတဲ့ သဘာဝလွန်စွမ်းအားရှင်ဆိုတာ တကယ်ရှိနေပြီး လူတွေကို ကူညီချင်‌ယောင်ဆောင်ပြီး စမ်းသပ်မှုတွေလုပ်နေတဲ့ အမှောင်လောကလိုခေါ်တဲ့ အဖွဲအစည်းက အဖွဲဝင်တွေကို ရှင်းထုတ်ပစ်နေတာပဲဖြစ်ပါတယ်။ ဒါကို သိရှိသွားတဲ့ ရဲဌာနက အဖြစ်မှန်တွေကို ရှာဖွေနိုင်မှာလား။ စွမ်းအားရှင်ဆိုတာကရော ဘယ်လို ပေါ်ပေါက်လာခဲ့တာလဲ။ လူသားတွေအတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနေမှာလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။