Indrani - Epic1: Dharam vs Karam

အင်ဒူက 2122 AD မှာ ISF လိုခေါ်တဲ့ အိန္ဒိယအထူးတပ်ဖွဲရဲ့ ထိပ်တန်းအေးဂျင့်တစ်ဦးပါ စက်ရုပ်တွေ စူပါကွန်ပျူတာတွေကို အဓိကသုံးတဲ့ခေတ်ကြီးမှာ ဘယ်ရေဒါကမှ ဖမ်းမမိနိုင်တဲ့ ယာဉ်တစ်စင်းပေါ်ထွက်လာပြီး အိန္ဒိယနျူကလီးယားအခြေစိုက် စခန်းကိုဗုံးကြဲခဲ့ပါတယ် ထိုဖြစ်ရပ်ကြောင့် ထိတ်လန့်သွားတဲ့ အိန္ဒိယစစ်တပ်က အကြောင်းစုံလိုက်စုံစမ်းရင်း ရေဒါမှာမပေါ်နိုင်တဲ့ နည်းပညာကို တီထွင်ခဲ့သူက 2022 ခုနှစ်တုန်းက ရှိခဲ့တဲ့ အိန္ဒိယသုတေသနပညာရှင်အဖွဲဆိုတာကို သိရှိသွားခဲ့ပါတယ် ထူးခြားတာတစ်ခုက ထိုပရောဂျက်အောင်မြင်ကြောင်း ကြောငြာပြီးချိန်မှာပဲ သုတေသနပညာရှင်တစ်ဖွဲလုံး အကြောင်းအမျိုးမျိုးနဲ့ သေဆုံးသွားခဲ့ကြတာပါ သူတိုရဲ့သေဆုံးမှုကို တားဆီးနိုင်မှသာလျှင် လက်ရှိခေတ်ရဲ့ပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်တဲ့အတွက် အင်ဒူတစ်ယောက် 2122 ခုနှစ်ကနေ အတိတ်ကို ခရီးပြန်ထွက်ခဲ့ပါတယ် ခေတ်ဟောင်းမှာတွေ့ကြုံရမယ့် အင်ဒူရဲ့ စွန့်စားခန်းတွေနဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဦးရှင့် IMDB 8 အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်