Crakk: Jeetega... Toh Jiyegaa

အသစ်ထွက်ရှိထားတဲ့ ‌ဘောလိဝုဒ်ဇာတ်ကြမ်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပိုလန်နိုင်ငံမှာ ရိုက်ကူးထားတဲ့ကားဖြစ်တာမို အရသာအသစ်တစ်မျိုးပေးစွမ်းနိုင်မှာပါ။

ဆစ်ဒူဟာ Extreme Sports လိုခေါ်တဲ့ သက်စွန့်ဆံဖျားကစားနည်းတွေကို ခုံမင်သူဖြစ်ပါတယ်။ ဒီအရာကြောင့် သားတစ်ယောက်ကိုဆုံးရှုးဖူးတဲ့မိဘတွေကတော့ ဆစ်ဒူ့ဝါသနာကို ခွင့်ပြုမပေးကြပါဘူး။

ဒါပေမဲ့ ဆစ်ဒူ့အိပ်မက်က ပိုလန်နိုင်ငံမှာရှိတဲ့ မိုင်ဒမ်လိုခေါ်တဲ့အဖွဲအစည်းရဲ့ ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ဖိုပဲဖြစ်ပါတယ်။ မိုင်ဒမ်က ကမ္ဘာအရပ်ရပ်ကဝါသနာရှင်တွေကို အွန်လိုင်းကနေစောင့်ကြည့်ပြီး သူတိုသဘောကျသူကို ဖိတ်ခေါ်ယှဉ်ပြိုင်စေတာဖြစ်ပါတယ်။ 

ဒီလိုနဲ့တစ်နေ့မှာတော့ ဆစ်ဒူရဲ့ဆန္ဒတကယ်ဖြစ်လာပြီး အစ်ကိုအသက်ကိုဆုံးရှုးခဲ့ရတဲ့ မိုင်ဒမ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ဖို ဖြစ်လာပါတော့တယ်။