Love Li

အသစ်စက်စက် အိန္ဒိယအက်ရှင်အချစ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB rating 9.4 အထိရရှိထားတာမို ကြည့်ကိုကြည့်ရမဲ့ a must လိုတောင် ပြောချင်ပါတယ်။ 

ဂျိန်ဟာ ရပ်ကွက်လူမိုက်ဇိုးတစ်ယောက်ဖြစ်ပေမဲ့ ချစ်တတ်တဲ့နှလုံးသားတစ်စုံတော့ပိုင်ဆိုင်ထားခဲ့ပြီး ရွှေဘုံစံငွေမင်းသမီးလေးဖြစ်တဲ့ ဂျနန်နီကို ပိုင်ဆိုင်ရပြီးတဲ့နောက်မှာတော့ သူတိုရဲ့အိပ်မက်ဖြစ်တဲ့ ကမ်းခြေမြိုလေးတစ်မြိုမှာ နှစ်ယောက်တည်းအခြေချနေထိုင်ခဲ့ကြပါတယ်။ 

ဂျိန်ဟာ အဲဒီမှာပဲဘဝသစ်စရင်း ဘဝကိုအေးချမ်းစွာဖြတ်သန်းဖို ကြိုးစားနေခဲ့ပေမဲ့ သူ့ရဲ့ချစ်ဇနီးဖြစ်သူဂျနန်နီ ကိုယ်ဝန်ရလာတဲ့အချိန်မှာပဲ မမျှော်လင့်ထားတဲ့ဂြိုဟ်ဆိုးတစ်ခုဝင်လာပြီး အေးချမ်းနေတဲ့သူတိုရဲ့ဘဝလေးကို ဖျက်ဆီးပစ်ဖိုကြိုးစားပါတော့တယ်။ 

ဒီမိသားစုလေးကို ဆက်လက်ပြီးရှင်သန်အောင်လုပ်ဖို ဂျိန်တစ်ယောက်ကြိုးစားရင်း တစ်ဖက်မှာလည်းချစ်ရသူအတွက် ဘယ်လိုသွေးကြွေးဆပ်မလဲဆိုတာကို ကြည့်ရှုရမဲ့ကားကောင်းလေးတစ်ကားပါ။