Case of Kondana

ဒါလေးကတော့ အသစ်ထွက် Crime/ Thriller ကားလေးပါ။ အမှိက်ကစ ပြသာဒ်မီးလောင်လိုဆိုရမယ့် ကားလေးပါပဲ။

တရားခံမပေါ်ဘဲ  ကွင်းဆက်လူသတ်မှုတွေဆက်တိုက်ဖြစ်နေလို ခေါင်းစားနေရတဲ့ ရဲတွေ ရယ်...

သားလေးဆေးကုစရိတ်အတွက် အမျိုးမျိုး ပူပန်နေရတဲ့ လင်မယားရယ်...

တာ၀န်စစချင်းနေ့မှာပဲ လူမိုက်အဖွဲနဲ့ငြိခဲ့တဲ့ ဒေါသကြီးတဲ့  ရဲ၀န်ထမ်းသစ်ရယ်...

အခြေအနေတွေအားလုံးက တဖြည်းဖြည်းနဲ့ ညောင်မြစ်တူးရာက ပုတ်သင်ဥပေါ်ရတဲ့ အဖြစ်ကိုရောက်ကုန်ကြတဲ့အခါ....

Plot Hole တွေရှိနေသည့်တိုင် စိတ်၀င်စားစရာကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.....။ Crime/ Thriller ကြိုက်သူများ စိတ်၀င်စားမယ်ထင်ပါတယ်။ ရှုစားကြပါဦး။