Mom (2017)

Bollywood ပရိတ်သတ်ကြီးတို့အတွက်တင်ဆက်ပေးမှာကတော့ မင်းသမီးကြီး Sridevi ရဲ့ Mom ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကို ပြောရမယ်ဆိုရင်တော့ဒေ့ဗ်ကီဆိုတဲ့ ကျောင်းဆရာမ တစ်ယောက်ဟာ ခင်ပွန်းနဲ့ သမီးလေး နှစ်ယောက်နဲ့ ပျော်ရွှင်ဖွယ်ဘဝလေးကို ဖြတ်သန်းနေတာပါ။ ပြသနာရှိတာဆိုလို့ သမီးနှစ်ယောက်ဆိုတဲ့အထဲမှာ သမီးအကြီးက လင်ပါသမီးပါ့ လင်ပါသမီးဖြစ်ပေမယ့် ကိုယ့်သမီးအရင်းလို သဘောထားပြီး မေတ္တာတွေပေးခဲ့တယ့် ဘယ်တော့မှ ခွဲခြားခွဲခြား မဆက်ဆံခဲ့ပါဘူ:..ဒါပေမဲ့လဲ အာယာကတော့ သူ့အမေကိုမမေ့န်ိုင်သေးပဲ အမေ့နေရာမှာဘယ်သူ့ကိုမှအစားမရပဲဖြစ်နေပါတယ်။ ဒီလိုနဲ့ဒေ့ဗ်ကီတို့မသားစုဘဝလေးထဲကိုမထင်မှတ်ထားတဲ့ကံကြမ္မာဆိုးတခုကဝင်ရောက်လို့လာတယ်။အာယာတယောက်ချစ်သူများနေ့ပါတီပွဲမှာအုပ်စုဖွဲ့အဓမ္မပြုကျင့်ခံခဲ့လိုက်ရပါတယ်။တရားခံကိုဖမ်းမိပေမယ့်အယုတ်တမာတွေကခြေရာလက်ရာဖျောက် သက်သေတွေကိုဖျက်စီးခဲ့တဲ့အတွက်တရားဥပဒေနဲ့အရေးယူလို့မရခဲ့ပါဘူး။ ဒီအခါမှာတော့ သမီးအတွက်အမေတယောက်လက်စားချေအပြစ်ပေးဖို့ဖြစ်လာပါတော့တယ်။ ဘယ်လိုတွေလက်စားချေအပြစ်ပေးသွားမလဲဆိုတာတော့ရင်ခုန်စိတ်လှုပ်ရှားစရာဇာတ်လမ်းလေးနဲ့ဆက်လက်ကြည့်ရှုလိုက်ပါ။  အမေတစ်ယောက်ရဲ့ မေတ္တာ ဂရုဏာ ဒေါသ အားလုံးကိုကြည့်ရှုခံစားရမှာဖြစ်ပြီးမိခင်ဖြစ်ထားတဲ့ သူတွေ မိခင်ဖြစ်လာမည့် သူတွေ သမီးမိန်းကလေးတွေသမီးရှင်တွေ လက်လွတ်မခံပဲ ကြည့်ထားသင့်တဲ့ ပညာပေး ဇာတ်ကား တစ်ကားလေးပဲဖြစ်ပါတယ်။